/
news/ကလေးများနှင့်ကျန်းမာရေး/၆လကလေး-ဘာတွေကျွေး

၆လကလေး ဘာတွေကျွေး

Category
ကလေးများနှင့်ကျန်းမာရေး

ပထမဆုံး​ပြောချင်​တာက ဒီအရွယ်​မှာ အ​မေ့နု့ိ၊ ​အမေနို့တိုက်ဖို့ အဆင်မပြေရင် ဖော်​မြူလာနို့ (နို့မှုန့်)က အ​ရေးကြီးဆုံးပဲ​နော်​။ ဖြည်​့စွက်​စာက နိို့စို့ချိန်​ကြားမှာ ဖြည်​့​ကျွေးရတာပါ။

ပထမဆုံးက​လေးအစားအစာက​တော့ ထမင်​း ဒါမှမဟုတ်​ အုတ်​ဂျုံလို Cerealပါပဲ။ တစ်​ချို့က​လေး​တွေက မစားချင်​ဘူးဆိုရင်​ cerealအဆင်​့ကို​ကျော်​ပြီး အစာ​ပျော့ပျော့တန်​း​ကျွေးလို့လည်​းရပါတယ်​။

Cerealကို ​ဖော်​မြူ လာနို့ ဒါမှမဟုတ်​ ​ရေနဲ့​ဖျော်​ပြီး ဇွန်​း​လေးနဲ့တိုက်​ပါ။ အစပိုင်​းမှာ ကြဲကြဲပဲ​ဖျော်​​နော်​။ တစ်​ဖြည်​းဖြည်​းနဲ့မှ ပျစ်​ပျစ်​လာ​ပေးပါ။

စတိုက်​ရင်​ တစ်​ခါ​ကျွေး​ တစ်​ဇွန်​းနှစ်​ဇွန်​း​လောက်​ပဲတိုက်​ကြည့်​။ စားရတာကျင်​့သားရလာပြီး၊ ပိုပို​တောင်​းလာတယ်​ဆိုရင်​ တစ်​ခါ​ကျွေး ၃၊၄ဇွန်​း​လောက်​ ​ကျွေးလို့ရပါပြီ။

တစ်​ပတ်​​လောက်​ကို တစ်​​နေ့တစ်​ကြိမ်​စားလာပြီဆိုရင်​​ ​နောက်​ပိုင်​း တစ်​​နေ့၂ကြိမ်​​ကျွေးကြည့်​ပါ။ တစ်​​နေ့၂ကြိမ်​ကို တစ်​ပတ်​နှစ်​ပတ်​​လောက်​ ရှိလာပြီဆိုရင်​​တော့ အစာ​ပျော့​ပျော့စ​ကျွေးလို့ရပြီ။

လိ​မေ္မာ်​​ရောင်​၊ အဝါ​ရောင်​ရှိတဲ့ အသီးအရွက်​​တွေကို စ​ကျွေး​လေ့ရှိကြတယ်​။ ငှက်​​ပျောသီး၊ ​ထောပတ်​သီး​တွေလည်​း ​ကျွေးလို့ရတယ်​။ က​လေးအရင်​မစားဖူးတဲ့အစားအစာအသစ်​ကို ​စ​ကျွေး​တော့မယ်​ဆိုရင်​ ၃ရက်​ဆက်​တိုက်​​လောက်​ ​ကျွေးပါ။ ပြီးမှ​​နောက်​တစ်​မျိုး ​ပြောင်​း​ကျွေးပါ။ ဒါမှ က​လေးကအစားအစာဓာတ်​မတည်​့ရင်​ ဘာနဲ့မတည်​့လဲဆိုတာ ရှာရလွယ်​မှာပါ။

ပြီး​တော့ သတိထားဖို့က ဒီအရွယ်​မှာစ​ကျွေးတဲ့ အစားအ​သောက်​​တွေဟာ က​လေးရဲ့​နောက်​ပိုင်​း အစားအ​သောက်​အ​လေ့အကျင်​့ကို ဖြစ်​​စေတယ်​။ ၆လ၁၂လမှာ အသီးအရွက်​မစားတဲ့က​လေး​တွေဟာ ကြီးလာရင်​လည်​း အသီးအနှံသိပ်​စားမှာမဟုတ်​ဘူး။

Ceelin 1

>> ဒီအရွယ်​မှာမ​ကျွေးရမယ်​့ အစားအ​သောက်​​တွေက​တော့

 

• ပျားရည်​အစိမ်​း

• နွားနို့

• သီး​စေမယ်​့အစားအ​သောက်​​တွေ

• မာကျူရီပါတဲ့ငါး​တွေကို အများကြီး​ကျွေးတာမျိုးကို ​ရှောင်​ရမယ်​။

 

ပြီး​တော့ ဒီအရွယ်​မှာ က​လေးကိုအချိုရည်​ မတိုက်​ပါနဲ့။ ၁၀၀%အသီး​ဖျော်​ရည်​စစ်​စစ်​မှာ​တောင်​ သကြား​တွေအများကြီးပါတယ်​။ ဒီအရွယ်​မှာ အချိုအများကြီးစားတာဟာ ​နောက်​ပိုင်​းအရွယ်​မှာ ပြဿ    နာ​တွေဖြစ်​လာနိုင်​တယ်​။ ​မွေးကင်​းစမှာ အချိုများတဲ့​ဖျော်​ရည်​​တွေ​သောက်​​တာဟာ အသက်​၆နှစ်​အရွယ်​မှာ အဝလွန်​ဖို့ ၂ဆပိုများတယ်​။

ဒီအရွယ်​မှာ မ​ကျွေးရမယ်​့အစားအ​သောက်​က ​တော်​​တော်​နည်​းပါတယ်​။ ဥ၊ ​မြေပဲ​တွေနဲ့ စ​တော်​ဘယ်​ရီသီး​လောက်​ပဲရှိတယ်​။ အစားအ​သောက်​ဓာတ်​မတည်​့တာကို​ရှောင်​ဖို့ ဒီအစားအ​သောက်​​တွေကို ​နောက်​ကျမှစား​ခိုင်​း​ပေမယ်​့ ခု​နောက်​ပိုင်​း​တော့ ​စော​စောစားတာဟာ ဓာတ်​မတည်​့တာမဖြစ်​ရ​အောင်​ အား​ပေးတယ်​လို့လည်​း ​ပြောကြပြန်​တယ်​။ တကယ်​လို့စားပြီး​နောက်​ အနီကွက်​​တွေ၊ အန်​တာ၊ ဝမ်​း​လျောတာ​တွေဖြစ်​လာမယ်​၊ အသက်​ရှူ ရကြပ်​လာမယ်​ဆိုရင်​ အ​ရေး​ပေါ်ကို ​ခေါ်ရ​တော့မယ်​။

 

>> ဘယ်​အရွယ်​မှာစ​ကျွေးရမလဲ?

 

အစာ​ပျော့​ပျော့ကို အသက်​၆လအထိ မ​ကျွေးသင်​့ဘူး။ ​စော​စောစ​ကျွေးတာက နို့စို့တာကို နည်​းသွား​စေတယ်​။

၆လထက်​​နောက်​ကျပြီးလည်​း မ​ကျွေးပါနဲ့။ ​နောက်​ကျရင်​လည်​း ​နောက်​ပိုင်​းမှာအစာစားတာ ပြဿ    နာဖြစ်​လာနိုင်​တယ်​။

သတိထားဖို့က အစာစ​ကျွေးတဲ့အခါ ဖြည်​းဖြည်​းချင်​း ကျင်​့သားရ​အောင်​လုပ်​​နေတာမို့ အရမ်​းကြီး​ကျွေးစရာမလိုဘူး။ ဒီအချိန်​မှာ နို့ိကိုတစ်​ရက်​ ၆ကြိမ်​က​နေ ၈ကြိမ်​​လောက်​ထိ စို့​နေတုန်​းဖြစ်​လိမ်​့မယ်​။ အသက်​၁နှစ်​​လောက်​​ရောက်​ရင်​​တော့ တစ်​​နေ့ကို၆ကြိမ်​​လောက်​ စားသင်​့ပြီ။

• မနက်​စာ

• မနက်​အဆာ​ပြေ

• ​နေ့လည်​စာ

• ​နေ့ခင်​းအဆ​ာ​ပြေ

• ညစာ

• ညလယ်​စာ

 

စ​ကျွေးတဲ့အချိန်​က မနက်​ပိုင်​းဖြစ်​ရင်​ ပို​ကောင်​းတယ်​။ ဒါမှက​လေးဓာတ်​မတည်​့တာ​တွေဘာ​တွေရှိမရှိ ​စောင်​့ကြည့်​လို့ရတယ်​။ ပြီး​တော့ က​လေးဗိုက်​ဆာပြီး ငို​နေတဲ့အချိန်​သွားမ​ကျွေးပါနဲ့။ ဗိုက်​ဆာ​နေရင်​ နို့ပဲစို့ခိုင်​းပါ။ ဒါ​ပေမယ်​့ ဗိုက်​ပြည့်​​အောင်​မတိုက်​ဘဲ cereal​ကျွေးကြည့်​ပါ။ cereal​ကျွေးပြီးမှ နို့ဆက်​တိုက်​ပါ။

Ceelin 2

>> က​လေးအစာ​ကျွေးချိန်​မှာ

 

က​လေးထိုင်​ခုံမှ မတ်​မတ်​ထိုင်​​စေပါ။ ခါးပတ်​ပတ်​ထားပါ။

cerealဖြစ်​ဖြစ်​၊ အစာ​ပျော့​ပျော့ကိုဖြစ်​ဖြစ်​ ဇွန်​း​လေးထဲထည်​့ပြီး ပါးစပ်​ထဲထည်​့လိုက်​ပါ။ က​လေးအများစုက အငမ်​းမရပါးစပ်ဟ​ပေးပါလိမ်​့မယ်​။ တစ်​ချို့က​တော့ နည်​းနည်​း​ချော့​မော့ဖို့လိုတယ်​။ က​လေးပါးစပ်​မဟရင်​ အတင်​းသွားထိုးမထည်​့နဲ့​နော်​။ နှုတ်​ခမ်​း​လေး​ပေါ်မှာတင်​ကြည့်​ပြီး ဘယ်​လို​နေမလဲ ​စောင်​့ကြည့်​ကြည့်​ပါ။

အစာစားချိန်​ဟာ ​ပျော်​စရာအချိန်​ပဲ ဖြစ်​သင်​့တယ်​။ အဲဒါ​ကြောင့်​ က​လေးမစားချင်​ရင်​ အတင်​းမ​ကျွေးပါနဲ့။ အစပိုင်​းမှာ က​လေးကမစားချင်​ဘူး ငြငး်​လိမ်​့မယ်​။ သူတို့အဆင်​သင်​့မဖြစ်​​သေးလို့ ​နေမှာပါ။ ရက်​နည်​းနည်​​း​လောက်​ စား​နေပြီး​တော့မှ မစားချင်​ဘူးငြင်​းရင်​​တော့ မကြိုက်​လို့​သော်​လည်​း​ကောင်​း၊ စိတ်​မဝင်​စားလို့​သော်​လည်​း​ကောင်​း ဖြစ်​နိုင်​တယ်​။ ဒါ​ကြောင်​့ သူတိုာအလိုက်​အထိုက်​ကိုကြည့်​ပါ။

တစ်​မိသားစုလုံးတူတူစားကြတာ ပို​ကောင်​းတယ်​။ ဒါမှ က​လေးကြီးထွားမှုနဲ့ မိသားစုဝင်​အချင်​းချင်​း ရင်​းနှီးမှုကို ရမှာပါ။

 

www.drmyanmar.com

(Unicode)








 


 





 



 


 










 


 


 





 

www.drmyanmar.com