ကိုဗစ်ဖြစ်နေတဲ့မေမေတို့ ကလေးနို့တိုက်လို့ရသလား
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မိခင်နို့ရည်ထဲမှာ မပါပါဘူး။ ဒါကြောင့် မိခင်နို့ဆက်တိုက်လို့ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါပေမဲ့ အမေမှာရှိတဲ့ ကိုဗစ်ရောဂါပိုးဟာ စကားပြော၊ ချောင်းဆိုး၊ နှာချေတာကထွက်လာတဲ့ အမှုန်အမွားလေးတွေကတစ်ဆင့် ကလေးဆီကို ကူးနိုင်ပါတယ်။
မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်သလို ကလေးကို ရောဂါဘယတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမေ နေမကောင်းဖြစ်နေရင်တောင် အမေ့နို့ကိုညှစ်ပြီး တခြားတစ်ယောက်ယောက်ကို တိုက်စေနိုင်ပါတယ်။
Obimin 1

>> မိခင်နို့ကို ဆက်တိုက်ဖို့၊ ဒါမှမဟုတ် ဘူးနဲ့ညှစ်တိုက်ဖို့ ရည်ရွယ်ထားရင်တော့ ရောဂါပိုးမကူးစေဖို့ -
● ကလေးကို မချီခင်နဲ့ ထိကိုင်အပြီးမှာ လက်ကို သေချာဆေးကြောပါ။
● နို့တိုက်နေစဉ် နှာခေါင်းစည်းတပ်ပါ။
● နို့ညှစ်ကိရိယာတွေ၊ နို့ဘူးတွေကိုမကိုင်တွယ်ခင် လက်ဆေးပါ။ အသုံးပြုပြီးရင်လည်း ပစ္စည်းအစိတ်အပိုင်းတိုင်းကို ပြန်လည်ဆေးကြောပေးပါ။
● အိမ်မှာ မဖျားမနာနေတဲ့တစ်ယောက်ယောက်ကို မိခင်နို့ထည့်ထားတဲ့နို့ဘူးနဲ့ ကလေးကို နို့တိုက်ခိုင်းပါ။
● ကလေးနဲ့တတ်နိုင်သလောက် မထိမတွေ့မိအောင်နေပေးပါ။
● နှာချေချောင်းဆိုးရင် တစ်ရှူးနဲ့အုပ်ပြီး သေချာစွန့်ပစ်ပါ။
● နို့တိုက်မနေတဲ့အချိန်မှာ ကလေးနဲ့ ၆ ပေအကွာမှာနေပါ။
Obimin 2

>> အကယ်၍
● ဖျားတာ
● ချောင်းဆိုးတာ
● အသက်ရှူကြပ်တာ
● လည်ချောင်းနာ၊ နှာပိတ်၊ နှာစေးစတဲ့ တုပ်ကွေးလက္ခဏာတွေဖြစ်တာ
● ချမ်းတုန်တာ
● ကြွက်သားနာကျင်တာ
● ခေါင်းကိုက်တာ
● အနံ့အရသာပျောက်တာ
● ပျို့အန်တာ
● ဝမ်းသွားတာ
● ပင်ပန်းနွမ်းနယ်တာ စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းဆက်သွယ်ပါ။
ကလေးမှာ ဖျားတာ၊ အသက်ရှူကြပ်တာ စသဖြင့် ဖျားနာနေတဲ့ လက္ခဏာတွေတွေ့ရရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ဆက်သွယ်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)















