Citalopram ဆေးနဲ့ မိခင်အသစ်စက်စက်တွေရဲ့ စိတ်ကျေ၀ဒနာ
Post Partum depression ဆိုတာဟာအမျိုးသမီးများကလေးမီးဖွားပြီးချိန်တွင် ခံစားရလေ့ရှိသော စိတ်ကျေ၀ဒနာတစ်ခုဖြစ်ပါတယ်။ အမေရိကန်စိတ်ပညာဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ ကလေးမွေး ပြီးသောအမျိုးသမီးများ၏ 16% သည် ၎င်းေ၀ဒနာကို ခံစားနေရတယ်လို့သိရပါတယ်။
စိတ်ကျေ၀ဒနာကို ခံစားရသောအမျိုးသမီးများသည်စိတ်မပျော်ရွှင်ခြင်း၊ မိမိကလေးကိုဂရုစိုက်မှုအပြည့် အ၀မပေးနိုင်ခြင်းစသည်တို့ကို ကြုံတွေ့ရပါတယ်။သုတေသီများက၎င်းေ၀ဒနာနှင့်ပတ်သက်၍ ကြွက်များဖြင့် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ စိတ်ကျေ၀ဒနာကို ခံစားရသော ကြွက်များ၏ ဦးနှောက်တွင်းရှိ nucleus accumbens နေရာတွင်ရှိသော dendritic spines (ဒန်ဒရိုက် တစ်စပိုင်း)ပမာဏသည် အခြားသောကြွက်များနှင့် ယှဉ်လျှင် နည်းပါးနေတာကိုတွေ့ရပါတယ်။
Dendritic Spines သည် ဦးနှောက်ဆဲလ်များအတွင်းရှိ သေးငယ်သောအစိတ်အပိုင်းဖြစ်ပြီး ဦးနှောက် ဆဲလ်များတစ်ခုနှင့် တစ်ခုဆက်သွယ်ရေးကိုလုပ်ဆောင်ပေးပါတယ်။ dendriticအရေအတွက်နည်းလာခြင်းသည် ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်း၊ လှုံ့ဆော်မှုများကိုတုန့်ပြန်နိုင်စွမ်း လျော့ကျလာတာ ကိုဖော်ပြနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စိတ်ကျရောဂါကို Citaloprum ဆေးဝါးဖြင့်ထိရောက်စွာ ကုသနိုင်ပါတယ်။ Citaloprum သည် အသုံးများသော စိတ်ကျရောဂါကုဆေးဖြစ်ပြီး ဦးနှောက်တွင်းရှိ ဆီရိုတိုနင်ပမာဏကို မြှင့်တင်ပေးခြင်းဖြင့် ဦးနှောက်ဆဲလ်များအတွင်း အာရုံကြောသတင်းပေးပို့မှုများ၊ လက်ခံမှုများကို အဆင်ပြေချောမွတ်အောင် စွမ်းဆောင်ပေးပါတယ်။ ဆေးပတ်လည်လာတာနဲ့အမျှ စိတ်တည်ငြိမ်ခြင်း၊ စိတ်ခံစားမှုကောင်းမွန်ခြင်းတို့ကို ပြန်လည်ဖြစ်လာစေပြီး စိတ်ဖိစီးမှုများကို သက်သာလျော့ပါးသွားစေပါတယ်။
Htet






























