အပြင်းအထန်ပျို့အန်ခြင်းအတွက် အစားအသောက် လမ်းညွှန်ချက်များ
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ပုံမှန်ဆိုရင် မရှိမဖြစ် လိုအပ်တဲ့ အဓိက အာဟာရဓာတ် (၃) မျိုး (ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်) အပြင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို အပြည့်အဝ စားသောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပျို့အန်ခြင်း ပြင်းထန်နေချိန်မှာတော့ ဒါတွေအားလုံး ပြည့်စုံအောင်စားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
အပြင်းအထန် ပျို့အန်နေစဉ် ကာလအတွင်းမှာ ပြည့်ဝစုံလင်တဲ့ အာဟာရရရှိဖို့ထက် ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ အာဟာရ ချို့တဲ့မှု ပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ကသာ အဓိကဖြစ်ပါတယ်။
Obimin 2025 IA 1

ဒါကြောင့် ကိုယ်ဝန်အစောပိုင်းကာလမှာ အပြင်းအထန် ပျို့အန်နေပါက ...
- ဗိုက်ဟောင်းလောင်း ဖြစ်မနေဖို့ အစာကို နည်းနည်းနှင့် မကြာခဏ စားသောက်ပေးပါ။
- ကာဘိုဟိုက်ဒရိတ် ပါဝင်မှု မြင့်မားပြီး အဆီဓာတ်နည်းတဲ့ အရသာ ပေါ့ပေါ့ပါးပါးရှိတဲ့ ပေါင်မုန့်မီးကင်၊ ဘီစကစ်၊ ထမင်း၊ အာလူးနှင့် ခရက်ကာတို့ကို ရွေးချယ်စားသုံးပေးပါ။
- အန်ချင်စိတ်ကို ပိုဆိုးစေတဲ့ စပ်လွန်းသော သို့မဟုတ် အဆီများလွန်းသော အစားအစာတွေနဲ့ အနံ့တွေကို ရှောင်ကြဥ်ပါ။
- အေးတဲ့ အစားအသောက်တွေဟာ အနံ့ ထွက်နည်းတဲ့အတွက် အန်ချင်စိတ်ကို လျှော့ချပေးပြီး မြိုချရ လွယ်ကူစေတာကြောင့် ပူတာတွေထက် အေးတာတွေကို စားသောက်ကြည့်ပါ။
- ရေ၊ အရည်တွေကို တစိမ့်စိမ့် သောက်ပေးပါ။
Obimin 2025 IA 2

ဒါပေမဲ့ ပျို့အန်တာ အရမ်းပြင်းထန်ပြီး အချိန်ကြာကြာ မစားသောက်နိုင်ပါက ရေဓာတ်ခမ်းခြောက်ခြင်း၊ ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့ခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် အမြန်ဆုံး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်နော်။




























