ကိုယ်ဝန်ဆောင်မိခင်တို့အတွက် အသင့်တော်ဆုံးနို့အမျိုးအစားက ဘာဖြစ်မလဲ?
အာဟာရပညာရှင်အများစုကတော့ နွားနို့ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အသင့်တော်ဆုံးနို့အမျိုးအစားလို့ ဆိုကြပါတယ်။ ဘာလို့ဆို နွားနို့မှာ မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ (အထူးသဖြင့် ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီနဲ့ ပရိုတင်းဓာတ်) ကြွယ်ဝစွာပါဝင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နွားနို့သောက်တဲ့အခါ သန့်စင်ထားတဲ့နွားနို့၊ ကျိုချက်ပြီးသားနွားနို့ကိုသာ သောက်သုံးပေးသင့်သလို ပြည့်ဝဆီစားသုံးမှုကို လျှော့ချဖို့အတွက် အဆီထုတ်နွားနို့ကိုသာ ရွေးချယ်သောက်သုံးပေးသင့်ပါတယ်။
Obimin Calcium 2025 IA 1

နွားနို့မကြိုက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ပဲနို့၊ အုတ်ဂျုံနို့၊ ဗာဒံစေ့ကထုတ်ထားတဲ့နို့ (almond milk) စတာတွေကို သောက်သုံးပေးနိုင်ပါတယ်။ ဒီလိုအပင်အခြေခံနို့တွေဟာ နွားနို့ထက်စာရင်တော့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ပါဝင်မှု နည်းပါးပါတယ်။ ဒါကြောင့် ဒီလိုနို့တွေသောက်ရင် ကယ်လ်ဆီယမ်ဓာတ် ပြန်လည်ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။
Obimin Calcium 2025 IA 2

ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ လိမ္မော်ရည်၊ တို့ဟူး၊ ငါးသေးသေးလေးတွေနဲ့ ဟင်းနုနွယ်ရွက်၊ ကိုက်လန်တို့လို ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။ လိုအပ်ခဲ့ရင် ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးတွေကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်သုံးပေးသင့်ပါတယ်။






























