/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မမဗိုက်တွေ-ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေကို

ကိုယ်ဝန်ဆောင်မမဗိုက်တွေ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေကို ဘယ်လိုကာကွယ်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

(၁)  ခါးနာခြင်း
သားအိမ်ထဲရှိ ရင်သွေးလေး ကြီးထွားလာတာနှင့်အမျှ ခါးရိုးဆစ်နှင့် တင်ပါးဆုံကွင်းမှာ ဖိအားတွေ ဖြစ်ပေါ်ရာကနေ ခါးကိုက်စေခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်သက်ရင့်လာတာနှင့်အမျှ ပိုဆိုးလာတတ်ပါတယ်။
**  ကာကွယ်နည်း
●   ပေါ့ပါးတဲ့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
●   အလေးအပင်မတာ ရှောင်ခြင်း
●   ဖိနပ်ပါးပါး စီးခြင်း

(၂)  ပျို့အန်ခြင်း
ကိုယ်ဝန်ပတ် ၄ ပတ်မြောက်နေ ၁၇ ပတ်လောက်တွင် စတင်ဖြစ်ပေါ်ပြီး ၉ ပတ်မြောက်တွင် ပိုမိုဆိုးရွားတတ်ပါတယ်။ ၂၀ ပတ်မြောက်တွင် သက်သာသွားပါတယ်။
**  ကာကွယ်နည်း
●   ရေများများသောက်ခြင်း၊ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးသောက်ခြင်း

Obimin 1

(၃)  ဝမ်းချုပ်ခြင်း
ကိုယ်ဝန်ဆောင်ကာလအတွင်း ဟိုမုန်းပြောင်းလဲမှုများ ဖြစ်ပေါ်ရာကနေ ဝမ်းမာခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။
**  ကာကွယ်နည်း
●   သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ပဲများများ စားပေးခြင်း
●   တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်ခြင်း
●   နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုခြင်း

(၄)  သွေးအားနည်းခြင်း
ကိုယ်ဝန်ဆောင်ချိန်တွင် အာဟာရပြည့်ဝအောင် မစားခြင်း၊ နေမကောင်းဖြစ်ခြင်းနှင့် အမြွာကိုယ်ဝန်ဆောင်နေသူများတွင် ပိုမိုဖြစ်လေ့ရှိပါတယ်။
**  ကာကွယ်နည်း
●   သံဓာတ်ပြည့်ဝသောအစာများစားခြင်း
●   သံဓာတ်အားဖြည့်ဆေးသောက်ခြင်း

Obimin 2

(၅)  အလွန်အမင်းဝလာခြင်း
အချို့သော မမဗိုက်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ယခင်ကထက် ပိုမိုစားခြင်းကြောင့် တစ်ဟုန်ထိုး ဝဖြိုးလာတတ်ပါတယ်။ ဒီလိုဝလာတာနှင့်အမျှ သွေးတိုး၊ ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းအပြင် ကလေးစောမွေးခြင်း၊ အသေမွေးခြင်းတို့ ဖြစ်နိုင်ချေ မြင့်မားလာပါတယ်။
**  ကာကွယ်နည်း
●   ကိုယ်ဝန်ဆောင်ချိန်မှာ လူကြီး 2 ယောက်စာ စားပေးဖို့ မလိုပါဘူး။ တစ်နေ့ကို 300 ကယ်လိုရီလောက် ပိုစားပေးရင် လုံလောက်ပါပြီ။ (ဥပမာ - ထမင်း "တရုတ်ပန်းကန်လုံး 1 လုံး" နှင့် ပဲဟင်းချို "တရုတ်ပန်းကန်လုံး 1 လုံး" စာ)
●   အဆီအဆိမ့်နှင့် အငန်တွေအစား အသားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတို့ စုံလင်အောင် စားပေးပါ။ လမ်းလျှောက်ခြင်း၊ ယောဂကစားခြင်း စသဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးပါ။

မေမေတို့ရေ ... ကိုယ်ဝန်ဆောင်ချိန်မှာ မိမိသာမက ရင်သွေးလေးပါ ကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်စားပြီး အိပ်ရေး၀၀ အိပ်စက်ခြင်းအပြင် အပေါ်မှာ ပြောသွားတဲ့အချက်တွေလည်း လိုက်နာဖို့  မမေ့ကြနှင့်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)