ကိုယ်ဝန်ဆောင်မေမေတို့ စားသုံးရန်မသင့်လျော်တဲ့ သစ်သီးဝလံများ
အသီးအနှံတွေဟာ ကျန်းမာရေးနဲ့ညီညွတ်ပေမယ့် တချို့အသီးတွေကတော့ ကိုယ်ဝန်ဆောင်မေမေတို့ စားသုံးဖို့ မသင့်တော်တာမျိုး ရှိပါတယ်။ ဘယ်လိုအသီးတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်။
Obimin 2025 IA 1

၁။ သင်္ဘောသီး
သင်္ဘောသီးအစိမ်း၊ ဒါမှမဟုတ် မမှည့်တမှည့်မှာ ပါရှိတဲ့ အဖြူရောင်အစေးဟာ အချိန်မတန်ခင် သားအိမ်ညှစ်ခြင်းကို ဖြစ်စေတာကြောင့် ရင်သွေးလေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ သင်္ဘောသီးမှည့်တော့ စားလို့ရပါတယ်။ သင်္ဘောသီးမှည့်ဟာ သံဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ပမာဏအသင့်အတင့် စားသုံးပေးခြင်းဖြင့် မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၂။ နာနတ်သီး
နာနတ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းတချို့ဟာ သားအိမ်ခေါင်းရဲ့ အသွင်အပြင်ကို ပြောင်းလဲစေတာကြောင့် အချိန်မတန်ခင် သားအိမ်ညှစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နာနတ်သီးဟာ အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်စေနိုင်ပါတယ်။
Obimin 2025 IA 2

၃။ စပျစ်သီး
ကိုယ်ဝန်လရင့်ချိန်မှာ စပျစ်သီးကို မစားသုံးဖို့ အကြံပြုထားပါတယ်။ ဘာလို့လဲဆိုတော့ စပျစ်သီး စားပြီးတဲ့အခါ ခန္ဓာကိုယ်က အပူထုတ်ပေးတဲ့အတွက် မိခင်ရော၊ ကလေးအတွက်ပါ မကောင်းပါဘူးနော်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စပျစ်သီးကို ချင့်ချိန်စားသုံးပေးသင့်ပါတယ်။






























