ကိုယ်ဝန်ဆောင် ဆီးချိုသမားများ ဘာတွေစားသင့်သလဲ
ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိသူ မိခင်လောင်းတွေဟာ အာဟာရပြည့်ဝပြီး သွေးတွင်းဆီးချိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အစားအသောက်မျိုးကို စားပေးဖို့လိုပါတယ်။ သွေးတွင်းအချိုဓာတ်များခြင်းဟာ မိခင်အတွက်ရော၊ ကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သွေးတွင်းအချိုဓာတ်ကို ထိန်းဖို့အတွက်ဆိုရင် စားတဲ့ ကစီဓာတ်ပမာဏ၊ အမျိုးအစားတွေကို ထိန်းညှိဖို့လိုပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန် အကောင်းဆုံး အစားအသောက်တွေကတော့ -
၁။ နို့သောက်ပါ။
နို့ဟာ ကယ်လ်စီယမ်၊ ဗီတာမင် D3၊ ဖော့စ်ဖရပ်စ်ဓာတ်တွေ ပြည့်ဝတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တစ်မျိုးပါ။ ဒါပေမဲ့ ကစီဓာတ်တွေများလို့ တစ်ခါတည်းနဲ့ အများကြီး သောက်မိရင် အချိုဓာတ်တွေ များတတ်လို့ တစ်ခါသောက်ရင် နည်းနည်းစီပဲ သောက်ပေးပါ။
၂။ ကစီဓာတ်ကို သင့်တင့်မျှတသလောက်သာ စားပါ။
စားတဲ့အခါ ကစီဓာတ်ကို ခန္ဓာကိုယ်စွမ်းအင်ရစေဖို့ အသင့်အတင့်တော့ စားပေးသင့်ပါတယ်။ ကစီဓာတ်ကို သင့်တင့်အောင် စားတယ်ဆိုတာ တစ်ခါစားရင် ကစီဓာတ် တစ်ခွက်စာ၊ ဥပမာအားဖြင့် စီရီရယ် မနက်စာတစ်ခွက်၊ ပေါင်မုန့် ၂ ချပ် စသဖြင့်ပေါ့။ ကစီဓာတ်များတဲ့ အစားအသောက်တွေဟာ ဖြိုခွဲလိုက်တဲ့အခါ Glucose လို့ခေါ်တဲ့ သကြားဓာတ်အဖြစ် ပြောင်းသွားပါတယ်။ ဒါကြောင့် အလွန်အကျွံ မစားပါနဲ့။
၃။ အသီးဖျော်ရည်တွေ မသောက်ပါနဲ့။
ဖျော်ရည်တွေဟာ ကစီဓာတ် အဆီအနှစ်တွေ စုဝေးရာဖြစ်လို့ Glucose လို့ခေါ်တဲ့ သကြားဓာတ်အဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ဆီးချိုသမားတွေမှာ အသီးဖျော်ရည်ကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။
Obimin 1

၄။ အစားစားတဲ့အခါ သတိထားပါ။
● အသီးအရွက်တွေ
● အသီးအနှံတွေ
● ငါး၊ အရေခွံမပါ ကြက်ရင်အုံကင်
● အချိုမပါ ဒိန်ချဉ်တွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်မျိုးကို ရွေးချယ်စားပေးပါ။
၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖျော်ရည်များကို သောက်ပါ။
ရေဓာတ် ပြည့်ဝအောင်နေပါ။ ရေအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြားဖျော်ရည်တွေ (ဥပမာ - လိမ္မော်ရည်၊ မုန်လာဥနီဖျော်ရည်) တွေကို သောက်သုံးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Obimin 2

(Zawgyi)
ကိုယ္ဝန္ေဆာင္ခ်ိန္ ဆီးခ်ိဳရွိသူ မိခင္ေလာင္းေတြဟာ အာဟာရျပည့္ဝၿပီး ေသြးတြင္းဆီးခ်ိဳဓာတ္ကို ထိန္းေပးႏိုင္တဲ့ အစားအေသာက္မ်ိဳးကို စားေပးဖို႔လိုပါတယ္။ ေသြးတြင္းအခ်ိဳဓာတ္မ်ားျခင္းဟာ မိခင္အတြက္ေရာ၊ ကေလးအတြက္ပါ အႏၲရာယ္ရွိပါတယ္။ ေသြးတြင္းအခ်ိဳဓာတ္ကို ထိန္းဖို႔အတြက္ဆိုရင္ စားတဲ့ ကစီဓာတ္ပမာဏ၊ အမ်ိဳးအစားေတြကို ထိန္းညႇိဖို႔လိုပါတယ္။
>> ကိုယ္ဝန္ေဆာင္ခ်ိန္ အေကာင္းဆုံး အစားအေသာက္ေတြကေတာ့ -
၁။ ႏို႔ေသာက္ပါ။
ႏို႔ဟာ ကယ္လ္စီယမ္၊ ဗီတာမင္ D3၊ ေဖာ့စ္ဖရပ္စ္ဓာတ္ေတြ ျပည့္ဝတဲ့ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္တစ္မ်ိဳးပါ။ ဒါေပမဲ့ ကစီဓာတ္ေတြမ်ားလို႔ တစ္ခါတည္းနဲ႔ အမ်ားႀကီး ေသာက္မိရင္ အခ်ိဳဓာတ္ေတြ မ်ားတတ္လို႔ တစ္ခါေသာက္ရင္ နည္းနည္းစီပဲ ေသာက္ေပးပါ။
၂။ ကစီဓာတ္ကို သင့္တင့္မွ်တသေလာက္သာ စားပါ။
စားတဲ့အခါ ကစီဓာတ္ကို ခႏၶာကိုယ္စြမ္းအင္ရေစဖို႔ အသင့္အတင့္ေတာ့ စားေပးသင့္ပါတယ္။ ကစီဓာတ္ကို သင့္တင့္ေအာင္ စားတယ္ဆိုတာ တစ္ခါစားရင္ ကစီဓာတ္ တစ္ခြက္စာ၊ ဥပမာအားျဖင့္ စီရီရယ္ မနက္စာတစ္ခြက္၊ ေပါင္မုန႔္ ၂ ခ်ပ္ စသျဖင့္ေပါ့။ ကစီဓာတ္မ်ားတဲ့ အစားအေသာက္ေတြဟာ ၿဖိဳခြဲလိုက္တဲ့အခါ Glucose လို႔ေခၚတဲ့ သၾကားဓာတ္အျဖစ္ ေျပာင္းသြားပါတယ္။ ဒါေၾကာင့္ အလြန္အကြၽံ မစားပါနဲ႔။
၃။ အသီးေဖ်ာ္ရည္ေတြ မေသာက္ပါနဲ႔။
ေဖ်ာ္ရည္ေတြဟာ ကစီဓာတ္ အဆီအႏွစ္ေတြ စုေဝးရာျဖစ္လို႔ Glucose လို႔ေခၚတဲ့ သၾကားဓာတ္အျဖစ္ကို ေျပာင္းလဲသြားပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ ဆီးခ်ိဳသမားေတြမွာ အသီးေဖ်ာ္ရည္ကို တတ္ႏိုင္သေလာက္ ေရွာင္သင့္ပါတယ္။
၄။ အစားစားတဲ့အခါ သတိထားပါ။
● အသီးအရြက္ေတြ
● အသီးအႏွံေတြ
● ငါး၊ အေရခြံမပါ ၾကက္ရင္အုံကင္
● အခ်ိဳမပါ ဒိန္ခ်ဥ္ေတြလိုမ်ိဳး က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္မ်ိဳးကို ေရြးခ်ယ္စားေပးပါ။
၅။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ေဖ်ာ္ရည္မ်ားကို ေသာက္ပါ။
ေရဓာတ္ ျပည့္ဝေအာင္ေနပါ။ ေရအျပင္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အျခားေဖ်ာ္ရည္ေတြ (ဥပမာ - လိေမၼာ္ရည္၊ မုန္လာဥနီေဖ်ာ္ရည္) ေတြကို ေသာက္သံုးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















