ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း အမျိုးသားနဲ့ အတူနေသင့်သလား
Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး
အမျိုးသမီးတိုင်း ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ ကိုယ်၀န်ပျက်ကျပြီးအနည်းဆုံး 2 ပတ်၊ ဖြစ်နိုင်လျှင် တစ်လတိတိအမျိုးသားနှင့် အတူနေခြင်းကို ရှောင်ရှားသင့်ပါတယ်။ သားပျက်သားလျှောဖြစ်ပြီးနောက်တွင် သားအိမ်ခေါင်းဟာအနည်းငယ်ပွင့်လျက်ရှိတာကြောင့် လိင်ဆက်ဆံပါက ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းပိုများစေပါတယ်။ ဒါ့အပြင် ကိုယ်၀န်ပျက်ကျပြီး မကြာမီလိင်ဆက်ဆံမည်ဆိုပါက ပဋိသနေ္ဓတားနည်းတခုခုကိုသုံးစွဲသင့်ပါတယ်။ ကိုယ်၀န်ပျက်ကျတဲ့အမျိုးသမီးများတွင် ရက်သတ္တပတ်တော်တော်ကြာမှ ရာသီသွေးပေါ်တတ်သော်လည်း မျိုးဥကြွေခြင်းကတစ်ပတ်မှ နှစ်ပတ်အတွင်း ဖြစ်ပေါ်တာကြောင့် ကိုယ်၀န်ရဖို့အလားအလာပိုများပါတယ်။ ကိုယ်၀န်ဆောင်ရန် မသင့်သေးတာကြောင့် ဆရာ၀န်နှင့်တိုင်ပင်ပြီးပဋိသန္ဓေတားဖို့ အကြံပြုလိုက်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
















