/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်တို့အတွက်-ကယ်လ်ဆီယမ်လိုအပ်ချက်

ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ကယ်လ်ဆီယမ်လိုအပ်ချက်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကယ်လ်ဆီယမ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ်ကိုသာ လုံလောက်စွာမရခဲ့ရင် ဘေဘီလေးရဲ့ အရိုးတွေ ကောင်းစွာကြီးထွားဖွံ့ဖြိုးမှာ မဟုတ်သလို လမစေ့ဘဲမွေးဖွားခြင်း၊ ကလေးကိုယ်အလေးချိန်နည်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် မေမေတို့ဆီမှာလည်း သွေးပေါင်တက်ခြင်း၊ ခြေချောင်းလက်ချောင်းလေးတွေ ထုံကျဥ်ခြင်း၊ ကြွက်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

Obimin 2022 IA 1

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ်ကို လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ အသက် (၁၉) နှစ်နဲ့အထက် ကိုယ်ဝန်ဆောင်တွေဟာ တစ်နေ့ကို ကယ်လ်ဆီယမ် (၁၀၀၀) မီလီဂရမ် မှီဝဲပေးသင့်ပြီး ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တွေကတော့ ဒီ့ထက်ပိုများတဲ့ပမာဏ လိုအပ်ပါတယ်။ (၁၈) နှစ်အောက်ငယ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် တစ်နေ့လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကတော့ (၁၃၀၀) မီလီဂရမ် ဖြစ်ပါတယ်။

Obimin 2022 IA 2

ကယ်လ်ဆီယမ်ဓာတ်ကို ရရှိဖို့အတွက် နို့ထွက်ပစ္စည်းများ (နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဥ်)၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ထိုင်ဝမ်မုန်ညင်း၊ ပဲပိစပ်၊ ဗာဒံစေ့၊ ဆယ်လ်မွန်ငါးနဲ့ ကယ်လ်ဆီယမ်ဖြည့်စွက်ထားသော အစားအစာများကို စားသောက်ပေးတဲ့အပြင် ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေကိုလည်း မှီဝဲပေးသင့်ပါတယ်။ အစာမဝင်နိုင်လောက်အောင် ပျို့အန်သူများ၊ လက်တို့စ်နို့သကြားကို မချေဖျက်နိုင်သူများ၊ နို့နဲ့နို့ထွက်ပစ္စည်းများကို မစားသောက်သူများအနေနဲ့ ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးကို အဓိကထားပြီး မှီဝဲပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်တက်နိုင်ခြေများရင်လည်း ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးကို သောက်သုံးပေးသင့်ပါတယ်။

www.drmyanmar.com