ကိုယ်၀န်ဆောင်နဲ့ ခေါင်းမူးခြင်း
Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး
ကိုယ်၀န်ဆောင် ဒုတိယကာလနှင့် တတိယကာလတွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ -
ပရိုဂျက်စလီးရုန်းဟော်မုန်းက သွေးကြောများကို ကျယ်စေပြီး ခြေထောက်မှာ သွေးစုစေခြင်း၊ သနေ္ဓသားကို သွေးခွဲေ၀ပေးရခြင်းနဲ့ သွေးတွင်းရှိ သကြားဓါတ်လျော့နည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ခေါင်းမူးနေ ပါက ပြုလုပ် သင့်တဲ့အချက်တွေကတော့ -
၁။ မတ်တပ်အကြာကြီးရပ်မယ်ဆိုရင် တစ်နေ့ရာထဲမှာအကြာကြီးရပ်မနေဘဲ ဟိုဟိုဒီဒီလျှောက်ပေးပါ။
၂။ လှဲအိပ်ရာမှာလည်း ဘေးဘက်သို့ ဆောင်းပြီးအိပ်ပေးပါ။
၃။ အထိုင်အထများကိုလည်း ဖြည်းဖြည်းသာသာလုပ်ပါ။
၄။ အာဟာရပြည့်၀အောင်စားသုံးပါ။
Dr. Htet Htet Aung
















