ကိုယ်ဝန်ဆောင်နှင့် အရိုးကျန်းမာရေး
ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ အရိုးဖွံ့ဖြိုးမှုအတွက် ကယ်လ်ဆီယမ်ဓာတ်ကို ပိုမိုမှီဝဲပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ မိခင်အနေနဲ့ ကယ်လ်ဆီယမ်ဓာတ် လုံလုံလောက်လောက် မရရှိခဲ့ရင် ကလေးအတွက်လိုအပ်တဲ့ ကလ်ဆီယမ်ပမာဏကို မိခင်ရဲ့အရိုးကနေ ထုတ်ယူသုံးစွဲရတဲ့အတွက် မိခင်မှာ အရိုးပါးအရိုးပွရောဂါဖြစ်နိုင်ခြေ ရှိလာနိုင်ပါတယ်။
Obimin 2022 IA 1
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အရိုးပါးအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် အရိုးကျန်းမာရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။ အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကတော့…
● ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင်ဟင်းရွက်များ၊ တို့ဟူး၊ ပဲနို့ အစရှိတဲ့ အစားအသောက်တွေကို များများစားသောက်ပေးပါ။ လိုအပ်ပါက ကယ်လ်ဆီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးပါ။
● ဗီတာမင်ဒီ ရရှိဖို့အတွက် နေရောင်ခြည်ခံပေးပါ။ ဗီတာမင်ဒီဖြည့်စွက်အားဆေးများ သောက်သုံးပေးပါ။
Obimin 2022 IA 2
● အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီအပြင် အခြားသော အာဟာရဓာတ်တွေကိုလည်း လိုအပ်တာကြောင့် အာဟာရစုံလင်အောင် စားသောက်ပေးပါ။
● လမ်းလျှောက်ခြင်း၊ ယောဂ၊ ထိုက်ချိ အစရှိတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဘေးဥပါဒ်မဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။
● ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်ဖြတ်ပါ။
ဖော်ပြပါနည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်များအားလုံး အရိုးပါးအရိုးပွရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေ။