/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဆုံပိုင်းမွေးမယ့်-မိခင်လောင်းများ-ဗိုက်ခွဲမွေးမလား၊

ဆုံပိုင်းမွေးမယ့် မိခင်လောင်းများ ဗိုက်ခွဲမွေးမလား၊ ရိုးရိုးမွေးမလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

●  ဆုံပိုင်းမွေးခြင်းဟာ အဖြစ်များတဲ့အလျောက် ၂၉ ပတ်-၃၂ ပတ်အတွင်း ကိုယ်ဝန်တွေရဲ့ ၁၅ ရာနှုန်းလောက်ဟာ ဆုံပိုင်းမွေးသူတွေ ဖြစ်ကြပါတယ်။
●  ကိုယ်ဝန်နုစဉ်မှာ ကလေးဟာ အလှုပ်များတဲ့အတွက် ဆုံပိုင်းအနေအထားဟာ သာမန်ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံး (၃) လမှာ ဆုံပိုင်းဖြစ်ရင်တော့ သတိထားစရာကိစ္စရပ်အဖြစ် သတ်မှတ်ပါတယ်။
●  ဆုံပိုင်းအနေအထားကလေးတွေရဲ့ ၂၅ ရာနှုန်းလောက်ကတော့ မွေးဖွားခါနီးတွင် အလိုအလျောက် ခေါင်းပိုင်းအနေအထား ပြန်လည်ရောက်ရှိတတ်ကြပါတယ်။
●  ထိုသို့ သဘာဝအတိုင်း အတည့်အနေအထား မရောက်ရှိရင်တော့ ဆရာဝန်က ဗိုက်ပေါ်သို့ လက်တင်ကာ ကလေးခေါင်းကို လှည့်ပေးတဲ့ External Cephalic Version နည်းစဉ်ကို အသုံးပြုတတ်ပါတယ်။ ဒီနည်းစဉ်ကတော့ ၅၀ ရာနှုန်းလောက် အောင်မြင်လေ့ရှိပြီး အဆင်မပြေပါက ကလေးကို မဖြစ်မနေ ဆုံပိုင်းဖြင့် မွေးဖွားဖို့ ပြင်ဆင်ကြပါတယ်။

>>  ဆုံပိုင်းအနေအထားကို ရိုးရိုးမွေးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
●  ကလေး လက်နှင့်ဦးခေါင်းတွင် ဒဏ်ရာရခြင်း
●  ကလေးချက်ကြိုး ပျက်စီးနိုင်ခြင်းကြောင့် ကလေးဆီသို့ အောက်ဆီဂျင်ပို့ဆောင်မှု ပြတ်တောက်ခြင်း
●  အချင်းကွာခြင်း
●  မိခင်ရဲ့ဝမ်းဗိုက်အစိတ်အပိုင်းများ ထိခိုက်ခြင်း
●  ကလေးလည်ပင်းကျိုးခြင်း

>>  တင်ပဆုံအနေအထားဖြင့် ရိုးရိုးမွေးခြင်းကို အောက်ပါအခြေအနေတွေမှာ ရှောင်ရှားသင့်ပါတယ်။
●  ကလေးခြေထောက် အောက်ကျနေခြင်း
●  ကလေးခေါင်းမော့နေခြင်း
●  ၃.၈ ကီလိုဂရမ်ထက် ပိုထွားသောကလေးများ
●  ၂ ကီလိုဂရမ်ထက် ပိုသေးငယ်သော ကလေးများ
●  တင်ပဆုံကျဉ်းသောမိခင်များ
●  ယခင်က ဗိုက်ခွဲမွေးထားသောမိခင်များ
●  ကိုယ်ဝန်ဆိပ်တက်သောမိခင်
●  အချင်းအောက်ကျနေခြင်း စသည်တို့ဖြစ်ပါတယ်။

>>  ဆုံပိုင်းအနေအထားကို ခွဲမွေးခြင်း (C Section)
●  တင်ပဆုံအနေအထားအတွက် အကောင်းဆုံးမွေးဖွားနည်းဖြစ်ပြီး ကလေးမွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက် ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း၊ ကလေးသေဆုံးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)