ဆုံပိုင်းမွေးမယ့် မိခင်လောင်းများ ဗိုက်ခွဲမွေးမလား၊ ရိုးရိုးမွေးမလား
● ဆုံပိုင်းမွေးခြင်းဟာ အဖြစ်များတဲ့အလျောက် ၂၉ ပတ်-၃၂ ပတ်အတွင်း ကိုယ်ဝန်တွေရဲ့ ၁၅ ရာနှုန်းလောက်ဟာ ဆုံပိုင်းမွေးသူတွေ ဖြစ်ကြပါတယ်။
● ကိုယ်ဝန်နုစဉ်မှာ ကလေးဟာ အလှုပ်များတဲ့အတွက် ဆုံပိုင်းအနေအထားဟာ သာမန်ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံး (၃) လမှာ ဆုံပိုင်းဖြစ်ရင်တော့ သတိထားစရာကိစ္စရပ်အဖြစ် သတ်မှတ်ပါတယ်။
● ဆုံပိုင်းအနေအထားကလေးတွေရဲ့ ၂၅ ရာနှုန်းလောက်ကတော့ မွေးဖွားခါနီးတွင် အလိုအလျောက် ခေါင်းပိုင်းအနေအထား ပြန်လည်ရောက်ရှိတတ်ကြပါတယ်။
● ထိုသို့ သဘာဝအတိုင်း အတည့်အနေအထား မရောက်ရှိရင်တော့ ဆရာဝန်က ဗိုက်ပေါ်သို့ လက်တင်ကာ ကလေးခေါင်းကို လှည့်ပေးတဲ့ External Cephalic Version နည်းစဉ်ကို အသုံးပြုတတ်ပါတယ်။ ဒီနည်းစဉ်ကတော့ ၅၀ ရာနှုန်းလောက် အောင်မြင်လေ့ရှိပြီး အဆင်မပြေပါက ကလေးကို မဖြစ်မနေ ဆုံပိုင်းဖြင့် မွေးဖွားဖို့ ပြင်ဆင်ကြပါတယ်။
>> ဆုံပိုင်းအနေအထားကို ရိုးရိုးမွေးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
● ကလေး လက်နှင့်ဦးခေါင်းတွင် ဒဏ်ရာရခြင်း
● ကလေးချက်ကြိုး ပျက်စီးနိုင်ခြင်းကြောင့် ကလေးဆီသို့ အောက်ဆီဂျင်ပို့ဆောင်မှု ပြတ်တောက်ခြင်း
● အချင်းကွာခြင်း
● မိခင်ရဲ့ဝမ်းဗိုက်အစိတ်အပိုင်းများ ထိခိုက်ခြင်း
● ကလေးလည်ပင်းကျိုးခြင်း
>> တင်ပဆုံအနေအထားဖြင့် ရိုးရိုးမွေးခြင်းကို အောက်ပါအခြေအနေတွေမှာ ရှောင်ရှားသင့်ပါတယ်။
● ကလေးခြေထောက် အောက်ကျနေခြင်း
● ကလေးခေါင်းမော့နေခြင်း
● ၃.၈ ကီလိုဂရမ်ထက် ပိုထွားသောကလေးများ
● ၂ ကီလိုဂရမ်ထက် ပိုသေးငယ်သော ကလေးများ
● တင်ပဆုံကျဉ်းသောမိခင်များ
● ယခင်က ဗိုက်ခွဲမွေးထားသောမိခင်များ
● ကိုယ်ဝန်ဆိပ်တက်သောမိခင်
● အချင်းအောက်ကျနေခြင်း စသည်တို့ဖြစ်ပါတယ်။
>> ဆုံပိုင်းအနေအထားကို ခွဲမွေးခြင်း (C Section)
● တင်ပဆုံအနေအထားအတွက် အကောင်းဆုံးမွေးဖွားနည်းဖြစ်ပြီး ကလေးမွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက် ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း၊ ကလေးသေဆုံးခြင်းကို လျှော့ချပေးနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























