အမြွာကလေး ဘယ်လိုမွေး
အမြွာလေးရစေနိုင်ဖို့ ဒီအချက်တွေအပေါ် မူတည်ပါတယ်။
1. မိသားစုရာဇဝင်
မျို းဥထုတ်ပေးရသူမှာ အမျို းသမီးများ ဖြစ်တဲ့အတွက် အမြွာမွေးဖို့ရာမှာလည်း အမျိုးသမီးများနဲ့ အဓိကဆိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ဒါမှမဟုတ် အမေဟာ အမြွာဖြစ်မယ်၊ အစ်မညီမမှာ အမြွာမွေးထားမယ်ဆိုရင် အမြွာရဖို့ ပိုမိုအခွင့်အလမ်းများပါတယ်။
2. နေ့စဉ်နေထိုင်မှုပုံစံ
အဆီနည်းတဲ့အစားအစာတွေ စားသုံးသူတွေနဲ့ သတ်သတ်လွတ်သမားတွေဟာ အဆီအစိမ့်၊ အသားစားသူတွေထက်စာရင် အမြွာမွေးဖို့ အခွင့်အလမ်းနည်းတာကို တွေ့ရပါတယ်။
သတ်သတ်လွတ် စားသုံးသူတွေအတွက်လည်း ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးပမ်းနေချိန်မှာ ဖြည့်စွက်စာစားသုံးပေးနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ သနေ္ဓတားဆေး သောက်နေလျက် ဒါမှမဟုတ် ဖြတ်လိုက်ပြီးပြီးချင်းမှာ ရတဲ့ကိုယ်ဝန်ဟာ အမြွာဖြစ်ဖို့ ပိုအခွင့်အလမ်းများတယ်လို့ သိရပါတယ်။
3. ကလေးအရေအတွက်
ရှားပေမယ့် ဖြစ်တတ်တဲ့နောက်တစ်ချက်ကတော့ လေ့လာစမ်းသပ်မှုအရ ကလေးများများမွေးလေလေ အမြွာရဖို့ အခွင့်အလမ်း ပိုများလေပဲ ဖြစ်ပါတယ်။ အမြွာမွေးထားသူတွေမှာလည်း အမြွာထပ်မွေးဖို့ အလားအလာပိုများတယ်လို့ သိရပါတယ်။
4. မိခင်အသက်
အသက်၃၀၊၄၀တစ်ဝိုက်မှာရှိတဲ့ အမျိုးသမီးတွေဟာ အမြွာမွေးတာပိုများတတ်တယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ သားဥအိမ်အလုပ်လုပ်ပုံ ပြောင်းလဲလာပြီး တစ်လကို သားဥတစ်လုံးထက်မက ထုတ်ပေးတတ်တာကြောင့် ဖြစ်ပါတယ်။
5. နေထိုင်ကြီးပြင်းရာဒေသ
အနောက်ဥရောပမှာ ကိုယ်ဝန်ဆောင်၆၀မှာ တစ်ယောက်က အမြွာကိုယ်ဝန်ဆောင် ဖြစ်တတ်ပြီး အရှေ့တောင်အာရှမှာ အမြွာမွေးဖို့ ပိုမိုခဲယဉ်းပါတယ်။ နိုင်ဂျီးရီးယားမှာတော့ အယောက်၂၀၊၃၀မှာ တစ်ယောက်ဟာ အမြွာဖြစ်နေတတ်ကြပါတယ်။
6. မျိုးဆက်ပွားကုသမှု
အမြွာကလေးရစေဖို့ သေချာတဲ့ကုသမှုတစ်ခုကတော့ ဖန်ပြွန်သနေ္ဓသားမွေးတာပဲ ဖြစ်ပါတယ်။
အမေရိကားမှာဖန်ပြွန်သနေ္ဓသားဖွ့ံဖြိုးလာတဲ့ ၁၉၇၀၊၁၉၈၀ခုနှစ် ပတ်ဝန်းကျင်မှာ အမြွာမွေးနှုန်း နှစ်ဆထိ မြင့်တက်လာတာကိုတွေ့ရပါတယ်။
ဆေးသောက်ပြီး သားဥပိုထွက်စေဖို့ကြိုးစားရာမှာတော့ ကိုယ့်ရဲ့ခန္ဓာကိုယ် တံ့ုပြန်မှုပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။
Dr. Emerald (www.drmyanmar.com)
















