/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/အမြွာကလေး-ဘယ်လိုမွေး

အမြွာကလေး ဘယ်လိုမွေး

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         အမြွာ​လေးရ​စေနိုင်​ဖို့ ဒီအချက်​​တွေအ​ပေါ် မူတည်​ပါတယ်​။

 

1. မိသားစုရာဇဝင်​

        မျို းဥထုတ်​​ပေးရသူမှာ အမျို းသမီးများ ဖြစ်​တဲ့အတွက်​ အမြွာ​မွေးဖို့ရာမှာလည်​း အမျိုးသမီးများနဲ့ အဓိကဆိုင်​ပါတယ်​။ ကိုယ်​ကိုယ်​တိုင်​​ဒါမှမဟုတ်​ အ​မေဟာ အမြွာဖြစ်​မယ်​၊ အစ်မညီမမှာ အမြွာ​မွေးထားမယ်​ဆိုရင်​ အမြွာရဖို့ ပိုမိုအခွင်​့အလမ်​းများပါတယ်​။

2. ​နေ့စဉ်​​နေထိုင်​မှုပုံစံ

  ​    အဆီနည်​းတဲ့အစားအစာ​တွေ စားသုံးသူ​တွေနဲ့ သတ်​သတ်​လွတ်​သမား​တွေဟာ အဆီအစိမ်​့၊ အသားစားသူ​တွေထက်​စာရင်​ အမြွာ​မွေးဖို့ အခွင်​့အလမ်​းနည်​းတာကို ​တွေ့ရပါတယ်​။

      သတ်​သတ်​လွတ်​ စားသုံးသူ​တွေအတွက်​လည်​း ကိုယ်​ဝန်​ဆောင်​နိုင်​ရန်​ ကြိုးပမ်​း​နေချိန်​မှာ ဖြည်​့စွက်​စာစားသုံး​ပေးနိုင်​ပါတယ်​။

      နောက်​တစ်ချက်​က​တော့ သ​နေ္ဓတား​ဆေး ​သောက်​​နေလျက်​ ဒါမှမဟုတ်​ ဖြတ်​လိုက်​ပြီးပြီးချင်းမှာ ရတဲ့ကိုယ်​ဝန်​ဟာ အမြွာဖြစ်​ဖို့ ပိုအခွင်​့အလမ်​းများတယ်​လို့ သိရပါတယ်​။

 

3. က​လေးအ​ရေအတွက်​

       ရှား​ပေမယ်​့ ဖြစ်​တတ်​တဲ့​နောက်​တစ်​ချက်​က​တော့ ​လေ့လာစမ်​းသပ်​မှုအရ က​လေးများများ​မွေး​လေ​လေ အမြွာရဖို့ အခွင်​့အလမ်​း ပိုများ​လေပဲ ဖြစ်​ပါတယ်​။ အမြွာ​မွေးထားသူ​တွေမှာလည်​း အမြွာထပ်​​မွေးဖို့ အလားအလာပိုများတယ်​လို့ သိရပါတယ်​။

 

4. မိခင်​အသက်​

      အသက်​၃၀၊၄၀တစ်​ဝိုက်​မှာရှိတဲ့ အမျိုးသမီး​တွေဟာ အမြွာ​မွေးတာပိုများတတ်​တယ်​လို့ ဆိုပါတယ်​။ အသက်​ကြီးလာတဲ့အခါ သားဥအိမ်​အလုပ်​လုပ်​ပုံ ​ပြောင်​းလဲလာပြီး တစ်​လကို သားဥတစ်​လုံးထက်​မက ထုတ်​​ပေးတတ်​တာ​ကြောင်​့ ဖြစ်​ပါတယ်​။

 

5. နေထိုင်​ကြီးပြင်​းရာ​ဒေသ

     အ​နောက်​ဥ​ရောပမှာ ကိုယ်​ဝန်​​ဆောင်​၆၀မှာ တစ်​​ယောက်​က အမြွာကိုယ်​ဝန်​​ဆောင်​ ဖြစ်​တတ်​ပြီး အ​ရှေ့​တောင်​အာရှမှာ အမြွာ​မွေးဖို့ ပိုမိုခဲယဉ်​းပါတယ်​။ နိုင်​ဂျီးရီးယားမှာ​တော့ ​အ​ယောက်​၂၀၊၃၀မှာ တစ်​​ယောက်​ဟာ အမြွာဖြစ်​​နေတတ်​ကြပါတယ်​။

 

6. မျိုးဆက်​ပွားကုသမှု

     အမြွာက​လေးရ​စေဖို့ ​သေချာတဲ့ကုသမှုတစ်​ခုက​တော့  ဖန်​ပြွန်​သ​နေ္ဓသား​မွေးတာပဲ ဖြစ်​ပါတယ်​။

     အ​မေရိကားမှာဖန်​ပြွန်​သ​နေ္ဓသားဖွ့ံဖြိုးလာတဲ့ ၁၉၇၀၊၁၉၈၀ခုနှစ်​ ပတ်​ဝန်​းကျင်​မှာ အမြွာ​မွေးနှုန်​း နှစ်​ဆထိ မြင်​့တက်​လာတာကို​တွေ့ရပါတယ်​။

   ​ဆေး​သောက်​ပြီး သားဥပိုထွက်​​စေဖို့ကြိုးစားရာမှာ​တော့ ကိုယ်​့ရဲ့ခန္ဓာကိုယ်​ တံ့ုပြန်​မှု​ပေါ်မှာ မူတည်​တယ်​လို့ သိရပါတယ်​။​

 

 

Dr. Emerald (www.drmyanmar.com)