/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကန်စွန်းဥမှာပါ၀င်တဲ့-အာဟာရဓာတ်တွေမဆုံးရှုံးအောင်-ချက်ပြုတ်နည်းများ

ကန်စွန်းဥမှာပါ၀င်တဲ့ အာဟာရဓာတ်တွေမဆုံးရှုံးအောင် ချက်ပြုတ်နည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကန်စွန်းဥဟာအခွံမှာရောအသားမှာပါ အာဟာရဓာတ်တွေပြည့်နှက်နေတာကြောင့်  ကန်စွန်းဥတစ်ခုလုံးစားမှသာ  ၄င်းမှာ ပါ၀င်သမျှ  အာဟာရတွေကိုအပြည့်အ၀ရရှိနိုင်မှာပါ။  ကန်စွန်းဥမှာ ဗီတာမင် A၊ C၊ ဗီတာမင် B 6၊ ပိုတက်ဆီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်ပြီး ကန်စွန်းဥအခွံမှာ သတ္တုဓာတ်၊ အမျှင်ဓာတ်အများအပြားပါ၀င်တာကြောင့်  ကန်စွန်းဥတစ်ခုလုံးစားမှသာ   ၄င်းအာဟာရဓာတ်တွေကိုရရှိနိုင်မှာဖြစ်ပြီး ကျန်းမာရေးကောင်းကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်။  ဒါကြောင့် ကန်စွန်းဥကိုကြိုက်လို့  စားသည်ဖြစ်စေ၊  မကြိုက်သော်လည်း ကျန်းမာရေးအတွက်ရည်ရွယ်ပြီးစားသည်ဖြစ်စေ  ၄င်းထဲမှာပါ၀င်တဲ့အာဟာရဓာတ်တွေကို အပြည့်အ၀ရရှိနိုင်အောင်  ဘယ်လိုပြုလုပ်သင့်လဲဆိုတဲ့ ပြုလုပ်ပုံပြုလုပ်နည်းလေးတွေကိုလေ့လာထားသင့်ပါတယ်။

 

ကန်စွန်းဥကို Oven ထဲမှာထည့်ဖုတ်မယ်ဆိုရင် 

 

အဆင့်(1)။    ။ oven မှာလိုအပ်သည့် အပူချိန်  400 ဒီဂရီဖာရင်ဟိုက်ကိုဦးစွာထားရှိပါ။

အဆင့်(2)။    ။  ကန်စွန်းဥအပေါ်မှာတင်နေတဲ့   အညစ်အကြေးတွေကိုမိမိလက်ချောင်းတွေဖြင့်  ပွတ်သပ်ကာဆေးကြောပါ။ ကန်စွန်းဥအခွံကို ကြမ်းတမ်းစွာတိုက်ချွတ်ဆေးကြောတာမျိုးမလုပ်သင့်ပါ။  ပြီးနောက်  ကန်စွန်းဥမှာစိုနေတဲ့ရေတွေကို တစ်ရှူးဖြင့်သုတ်ပေးပါ။

အဆင့်(3)။    ။ ကန်စွန်းဥမှာအပေါက်လေးတွေဖြစ်သွားအောင် ခက်ရင်းနဲ့ဖောက်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကန်စွန်းဥ အသားကိုကျက်စေပြီး oven ထဲမှာကန်စွန်းဥ  ပုံပျက်ပန်းပျက်ကွဲထွက်နေတာမျိုး မရှိစေမှာဖြစ်ပါတယ်။

အဆင်(4)။    ။ ကန်စွန်းဥထည့်မယ့်ဒယ်အိုး သို့မဟုတ် ခွက်ထဲကို ဟင်းသီးဟင်းရွက်အနည်းငယ်ဖြန့်ခင်းပေးထားပါ။ ဘာကြောင့်လဲဆိုတော့ ဖုတ်ထားချိန်မှာကန်စွန်းဥမှစေးကပ်တဲ့  သကြားရည်တွေစိမ့်ထွက်နိုင်တာကြောင့်ဖြစ်ပါတယ်။

အဆင့်(5)။    ။ ကန်စွန်းဥကိုအချိန် 35-45 မိနစ်ကြာ  oven ထဲမှာထားပါ။  Oven ထဲမှာထည့်ထားပြီးအချိန်  15 မိနစ်လောက်အကြာမှာ ကန်စွန်းဥကိုတစ်ဖက်လှန်ပေးပါ။  ကန်စွန်းဥ  အခွံဟာခြောက်လာတဲ့အနေအထား၊ ကန်စွန်းဥမှစိမ့်ထွက်လာတဲ့သကြားဟာ အခဲတုံးလေးတွေဖြစ်နေပြီဆိုပါက ဖုတ်ထားတဲ့  ကန်စွန်းဥကို   oven ထဲက ထုတ်လို့ ရပါပြီ။

 

ကန်စွန်းဥကို microvewave ထဲမှာ ထည့်ဖုတ်မယ်ဆိုရင်  

အဆင့်(1)။    ။ ကန်စွန်းဥကိုရေဆေး၊  တစ်ရှူးဖြင့်ခြောက်အောင်သုတ်ပြီး ခက်ရင်းနဲ့ဖောက်ပါ။

အဆင့်(2)။    ။ Microwave ထဲကို ကန်စွန်းဥထည့်တော့မယ်ဆိုပါက ပန်းကန်ပြားတစ်ချပ်ခံပြီးထည့်ပါ။ ကန်စွန်းဥ အောက်ခြေမှာတစ်ရှူး တစ်ခုလောက်ခံထားပါ။  ဒါမှသာကန်စွန်းဥဖုတ်ပြီးနောက်  ပန်းကန်ကိုသန့်စင်ရလွယ်ကူစေမှာဖြစ်ပါတယ်။

အဆင့်(3)။    ။ ကန်စွန်းဥကိုအချိန် သုံးမိနစ်ကြာခန့်  microwave ထဲမှာထားပါ။

အဆင့်(4)။    ။ ကန်စွန်းဥကိုတစ်ဖက်လှန်ပေးပြီး နောက်ထပ်အချိန် 2-4 မိနစ်ကြာလောက်  microwave   ထဲမှာဆက်လက်ထားပါ။ ကန်စွန်းဥ အခွံကခြောက်လာပြီး  ၄င်းမှစိမ့်ထွက်နေတဲ့သကြားဟာ အညိုရောင်ဘက်ကိုသန်းနေပြီဆိုရင်တော့ microwave ထဲမှ ထုတ်လို့ရတဲ့  အနေအထားဖြစ်နေပါပြီ။ 

အဆင့်(5)။    ။ Microwave ထဲမှ ကန်စွန်းဥပန်းကန်ကို လက်အိတ်အသုံးပြုပြီးကိုင်ကာ နောက်ထပ်ပန်းကန်တစ်ချပ်ထဲကို ပြောင်းရွှေ့ထည့်ပြီး အအေးခံထားပြီးနောက် မိမိကြိုက်နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

 

CMS

www.drmyanmar.com