/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်-မရှိ-စစ်ဆေးသော-antibody-test-အကြောင်း

ကိုဗစ် မရှိ စစ်ဆေးသော Antibody test အကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ကူးစက်ပြီးနောက် ပြန်လည်သက်သာလာသူတွေကို Antibody စစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။ စစ်ဆေးနည်းအနေနှင့် ကျန်းမာရေးဝန်ထမ်းမှ သင့်လက်မောင်းကနေသွေးကို အပ်ဖြင့်ယူပြီး သွေးထဲမှာ ဗိုင်းရပ်စ်ကိုခုခံရာကနေ ထွက်လာတဲ့ antibodies တွေ ရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပါတယ်။
စစ်ဆေးချက်အဖြေအရ သင့်သွေးမှာ Antibodies တွေ ရှိနေရင်တော့ သင့်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရဖူးတာကို ပြသနေပါတယ်။ သင့်မှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားရှိတာကိုလည်း ဖော်ပြနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ Antibodies တွေ့ရှိခြင်းဟာ ကိုဗစ်ဗိုင်းရပ်စ် နောက်တစ်ကြိမ် ကူးစက်မခံရအောင် ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်တော့ မရှိသေးပါဘူး။
●  Antibody test တွေ စစ်ဆေးတဲ့နေရာမှာ မှန်ကန်တဲ့အချိန်မှာ စစ်ဆေးဖို့လည်း အရေးကြီးပါတယ်။
ရောဂါပိုးစဝင်ချိန်မှာဆိုရင် ကိုယ်ခံအားစနစ်က စတင်အလုပ်လုပ်စဖြစ်တဲ့အတွက် Antibodies တွေကို တွေ့ရဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် Antibody test တွေကို ရောဂါလက္ခဏာတွေ ပြသပြီးနောက် အနည်းဆုံး ၁၄ ရက်ကြာပြီးမှ စစ်ဆေးသင့်ကြောင့် ညွန်ကြားထားပါတယ်။

>>  ကိုဗစ်ကို အဖြေရှာဖို့ အသုံးပြုနိုင်တဲ့ အခြားစစ်ဆေးမှုနည်းလမ်းတွေကတော့ -
(၁)  PCR Test
(၂)  Antigen Test

>>  ကိုဗစ်ကို စစ်ဆေးသော Antibody Test တွေက ဗိုင်းရပ်စ်မပျံ့နှံ့အောင် ကူညီနိုင်သလား?
●  Antibody Test များဖြင့် စစ်ဆေးခြင်းကြောင့် ဗိုင်းရပ်စ်ရှိသူများအနေနှင့် စောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်ပါတယ်။
နီးစပ်ရာလူများကိုလည်း သီးခြားနေထိုင်ခြင်း သို့မဟုတ် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြင့် ထပ်မံပျံ့နှံ့မှုကို တားဆီးနိုင်ပါလိမ့်မယ်။
●  သို့သော် မည်သည့် ကိုဗစ်စစ်ဆေးမှု test ကမှ ရာနှုန်းပြည့် စိတ်မချရပါဘူး။ ဒါကြောင့် မိမိရဲ့ test အဖြေဟာ negative ဖြစ်နေရင်တောင်မှ ရာနှုန်းပြည့် လွတ်လပ်စွာနေတာမျိုးမလုပ်ဘဲ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ခြင်း၊ social distancing နည်းလမ်းတွေကို လိုက်နာခြင်းတို့ ပြုလုပ်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)