အထိုင်များတဲ့ ရုံးဝန်ထမ်းတွေအတွက် အရိုးကျန်းမာရေးကို ဂရုစိုက်ရန် နည်းလမ်းများ
ရုံးဝန်ထမ်းတွေကို ထိုင်ခုံမှာပဲထိုင်ပြီး အလုပ်လုပ်နေရလို့ သက်သာတယ်လို့ မထင်လိုက်ပါနဲ့နော်။ ကွန်ပြူတာရှေ့မှာ အချိန်အကြာကြီး မလှုပ်ရှားဘဲ ထိုင်နေရတာက အရိုးနားမှာရှိတဲ့ကြွက်သားတွေကို အားနည်းစေပါတယ်။ ဒါကြောင့် ကျောရိုး၊ တင်ပါးဆုံရိုးနဲ့ ဒူးရိုးတွေပေါ်မှာ ဒဏ်ဖြစ်လာပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။
ဒါ့အပြင် ရုံးခန်းထဲမှာပဲ အနေများတဲ့အခါ နေရောင်ခြည်နဲ့ထိတွေ့မှုနည်းလို့ ဗီတာမင်ဒီလည်း လုံလောက်မှာ မဟုတ်ပါဘူး။ ဗီတာမင်ဒီနည်းရင် ကယ်လ်ဆီယမ်နည်းလို့ အချိန်ကြာလာရင် အရိုးပါးအရိုးပွရောဂါတောင် ဖြစ်လာနိုင်ပါတယ်။
Osteocare IA 1

ဒါကြောင့် ရုံးဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ အရိုးကျန်းမာရေးကိုဖော်ပြပါနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
- ကွန်ပြူတာကို မျက်လုံးနဲ့ တစ်တန်းတည်းထားပြီး အလုပ်လုပ်ပါ။
- နောက်ကျောကို အထောက်အပံ့ပေးတဲ့ ထိုင်ခုံကိုသာ အသုံးပြုပါ။
- ခြေထောက်ချိတ်မထိုင်ဘဲ ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်နဲ့ထိအောင် ချထားပါ။
- ကယ်လ်ဆီကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။
- တစ်နေ့ကို (၁၀) မိနစ်မှ (၁၅) မိနစ်လောက်အထိ နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
- ရေများများသောက်ပါ။
Osteocare IA 2

အကယ်၍ မိမိကသာ ရုံးဝန်ထမ်းတစ်ယောက်ဆိုရင် အရိုးပါးအရိုးပွရောဂါ မဖြစ်အောင်လို့ ဒီနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လိုက်ပါနော်။ လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ အရိုးကျန်းမာရေးအတွက် ပံ့ပိုးပေးတဲ့ ဖြည့်စွက်အားဆေးတွေကိုလည်း သောက်သုံးပေးနိုင်ပါတယ်။





























