ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကို ကြိုတင်ကာကွယ်ပါ
အသက်အရွယ်မရွေးကူးစက်နိုင််ပြီး ကလေးငယ်များနှင့် လူလတ်ပိုင်းများတွင် ပိုမို ဖြစ်ပွားနိုင်သော Neisseria Meningitidis ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်ရန်-
1. လူစည်ကားသော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။
2. လက်ကို ဆပ်ပြာနှင့် ရေ သုံးပြီး မကြာခဏ ဆေးပါ။ (ရေမရှိပါက အယ်လ်ကိုဟော 60 % ပါ၀င်သော လက်ဆေးဂျယ်လ်များဖြင့် သန့်စင်ပါ။)
3. မျက်စိ၊ နား၊ နှာခေါင်းတို့ကို လက်နှင့် ကိုင်တွယ်ခြင်းမှရှောင်ကြဉ်ပါ။
အကယ်၍ ကိုင်တွယ်ရန်လိုအပ်ပါက လက်ကို ဆပ်ပြာနှင့် အရင်ဆေးပါ။
4. နှာချေတိုင်း၊ ချောင်းဆိုးတိုင်း လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ပါ။ လက်ကိုင်ပုဝါ အဆင်သင့်မရှိပါက လက်မောင်းဖြင့် ကာပြီး နှာချေ ၊ ချောင်းဆိုးပါ။
5. ရောဂါဖြစ်ပွားနေသူ၊ ဖြစ်ပွားနေသည်ဟုသံသယရှိသူများနှင့် တွေ့ဆုံပါက နှာခေါင်းစည်း ( Mask) အုပ်ပြီးမှ စကားပြောပါ။
6. ဆရာ၀န်နှင့် တိုင်ပင်ပြီးှမှသာ ကာကွယ်ဆေးထိုးပါ။ Neisseria Meningitidis အဖွဲ့၀င်တွေထဲကမှ ဒုက္ခအပေးဆုံး အဖွဲ့၀င် 5 မျိုး (A, B, C, W, Y) ရှိပါတယ်။ တချို့ ကာကွယ်ဆေးတွေက အဖွဲ့၀င် 1 မျိုး လောက်ကိုကာကွယ်ပေးပါတယ်။ တချို့ကတော့ 2 မျိုး၊ တချို့ကတော့ 4 မျိုးလောက်ကို ကာကွယ်ပေးပါတယ်။ ဒီတော့ ဆေး 1 မျိုးတည်းနဲ့တော့ အဖွဲ့၀င် အားလုံးကို မကာကွယ်နိုင်ပါဘူး။
Dr. MW















