ကော်ဖီကိုကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုဖျော်မလဲ
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
1. ကော်ဖီကို နှပ်သောက်ပါ
ကော်ဖီစေ့ကို 12-24 နာရီကြာစိမ်ထားပြီးနောက် ရေစစ်နဲ့စစ်ယူပါ။ ရလာတဲ့ကော်ဖီအနှစ်သားကို ကော်ဖီအေးဖြစ်စေ၊ ကော်ဖီပူဖြစ်စေ ဖျော်သောက်လို့ရပါပြီ။ ယင်းကဲ့သို့ ကော်ဖီစေ့ကိုရေထဲစိမ်လိုက်ခြင်းဖြင့် အက်ဆစ်ဓာတ်များထွက်သွားတဲ့အတွက် ရင်ပူရင်ဆာဖြစ်ခြင်းကိုသက်သာစေပါတယ်။
2. ကော်ဖီစေ့ကိုရေခဲသေတ္တာထဲမထည့်ပါနဲ့
ရေခဲသေတ္တာထဲထည့်ထားပါက အစိုပြန်ပြီးအာနိသင်ပျက်ပြယ်သွားနိုင်တာကြောင့် လေလုံတဲ့ ဖန်ဘူး၊ ကြွေဘူးထဲမှာသာထည့်သိမ်းသင့်ပါတယ်။
3. ကော်ဖီကြမ်းကိုရွေး၀ယ်ပါ
ကော်ဖီမှုန့်အစစ်ကိုသာ ရွေးချယ်သင့်ပါတယ်။ ကော်ဖီကြမ်းလို့ခေါ်တဲ့ နှပ်သောက်ရတဲ့ ကော်ဖီမှုန့်မှာ ပါ၀င်တဲ့ N-methylpyridinium (NMP) ဓာတ်ကအစာအိမ်ဖြစ်ခြင်းမှကာကွယ်ပေးပြီး ရင်ပူရင်ဆာဖြစ်ခြင်းကို သက်သာစေပါတယ်။
CMS (www.drmyanmar.com)
















