အသည်းလေး ကျန်းမာနေဖို့အတွက် သကြား လျှော့စားပါ
အသည်းဟာ ခန္ဓာကိုယ်ထဲဝင်လာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ သည်းခြေရည် ထုတ်လုပ်ပေးခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူလုပ်ဆောင်ပေးနေတာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ဘက်ကလည်း အသည်းကျန်းမာရေးကို ဂရုစိုက်ပေးသင့်ပါတယ်။ ဂရုစိုက်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ သကြားလျှော့စားတာပဲ ဖြစ်ပါတယ်။ သကြားလျှော့စားခြင်းဟာ အကြောင်းပြချက် (၃) ချက်နဲ့ အသည်းကျန်းမာရေးကောင်းအောင် ကူညီပေးနေပါတယ်။
Liveril IA 1

ဒီအချက် (၃) ချက်ကတော့…
- အင်ဆူလင်တုံ့ပြန်မှုကို ကောင်းမွန်စေခြင်းဖြင့် သွေးထဲပိုလျှံနေတဲ့ သကြားဓာတ်တွေကို အသည်းမှာသိမ်းဆည်းတဲ့ဖြစ်စဥ်ကို လျော့နည်းစေခြင်း
- ပိုလျှံတဲ့သကြားဓာတ်တွေကို အဆီအဖြစ်ပြောင်းပြီး အသည်းကဖြိုဖျက်ပေးရတဲ့ လုပ်ငန်းစဥ်ကို လျှော့ချပေးခြင်းဖြင့် အသည်းအဆီဖုံးခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း
- ပိုလျှံတဲ့သကြားဓာတ်တွေကြောင့် ဓာတ်တိုးပစ္စည်းများထွက်လာပြီး အသည်းဆဲလ်တွေကို ဖျက်စီးခြင်းဖြစ်စဥ်ကို လျှော့ချပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Liveril IA 2

သကြားလျှော့စားခြင်းဖြင့်ဟာ အသည်းကျန်းမာရေးအပေါ် ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သကြားလျှော့စားကြဖို့၊ အထူးသဖြင့်တော့ အချိုရည်တွေကို ချင့်ချိန်သောက်သုံးကြဖို့ လိုအပ်ပါတယ်။






























