ခေါင်းကိုက်တာရဲ့နောက်ကွယ်ကကြောက်စရာရောဂါများ
ခေါင်းကိုက်တာက သာမန်လည်းဖြစ်နိုင်သလို တခြား အရေးတကြီး အခြေအနေတွေလည်းဖြစ်နေတတ်တယ်ဆိုတာဖြစ်ရပ်လေးတခုက ထင်ဟပ်ပြနေပါတယ်။ ဓာတ်မတည့်တာနဲ့ထိပ်ကပ်နာခံစားနေရသူတဦးဟာ မနက်အစောကြီး ခေါင်းတွေကိုက် မျက်နှာတွေနာကျင်ပြီးနိုးလာပါတယ်။
နာကျင်မှုနဲ့ ခေါင်းကိုက်မှုဟာသိပ်ကိုပြင်းထန်လွန်းတဲ့အတွက် မျက်နှာလည်းမသစ်သွားတောင်မတိုက်နိုင်ဘဲဆေးရုံကိုအပြေးသွားခဲ့ရပါတယ်။
Bio Adult 1

ဆေးစစ်ချက်အရ တွေ့ရှိချက်က သူမရဲ့ မျက်နှာက သွေးလွှတ်ကြောတချို့ရောင်ရမ်းတာဖြစ်နေကြောင်းသိခဲ့ရပါတယ်။ ရောင်ရမ်းနာရဲ့နောက်ဆက်တွဲအနေနဲ့ ရုတ်တရက် လေတောင်ဖြတ်သွားနို်င်သေးတယ်လို့ ဆရာဝန်တွေကရှင်းပြတဲ့အခါ သူမအလွန်ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။
ခေါင်းကိုက်တာနဲ့အတူဆရာဝန်ပြသဆွေးနွေးသင့်သောလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• ခေါင်းကိုက်တာနဲ့အတူအပြင်းဖျားမယ် အစားပျက်မယ် ပိန်မယ်
• မျက်လုံးဝေဝါးလာတာ
• စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ
• ကိုယ်ခန္ဓာတခြမ်းလေဖြတ်တာ
• ထုံတာကျင်တာ
• မျက်နှာအရိုးများနာကျင်ခြင်း
• မိုးကြိုးပစ်ချလိုက်သလို ခေါင်းပေါ်မှာဒိန်းခနဲခံစားလိုက်ရပြီး စက္ကန့်ပိုင်းကနေ မိနစ်အနည်းငယ်အထိ ခေါင်းကိုက်ရုတ်တရက်ခံစားရရင် ဦးနှောက်တွင်းသွေးယိုစီးမှုဖြစ်နေတတ်ပါတယ်။
• မကြာခဏ ကိုက်မယ် ကိုက်တိုင်း ဘာမှမလုပ်နိုင်လောက်အောင် အိပ်ရာထဲခွေနေရမယ်ဆိုရင် သွေးပေါင်ချိန်ပါ။ သွေးတိုးနေသလား။ ကိုယ်ခံအားလွန်ရောဂါတွေ ရှိမရှိ စစ်ဆေးကြပါ။
• လည်ပင်းတွေ တောင့်တင်းနေတာ အဖျားနဲ့ အရေပြားအကွက်တွေပေါ်လာရင်လည်း ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နေတတ်ပါသေးတယ်။
• နောက်ထပ်ကြောက်စရာခေါင်းကိုက်ခြင်းတမျိုးက ကိုယ်ဝန်ဆောင်လေးတွေမှာဖြစ်နေတတ်ပြီး သွေးပေါင်တိုး လာလို့ဖြစ်နေတတ်ပါတယ်။ သွေးတိုးကို အမြန်ထိန်းချုပ်ကုသဖို့ လိုပါတယ်။
Bio Adult 2

ချက်ချင်းဆေးရုံပြသရမယ့် အခြေအနေတွေကတော့…
• ရုတ်တရက် ထုံကျင် ပျော့ခွေခြင်း
• စကားမပြောနိုင်တော့ခြင်းပြောစကားနားမလည်ခြင်း
• မျက်လုံးတဖက်သို့နှစ်ဖက်ဝေဝါးခြင်း
• မူးဝေခြင်း ဒယီးဒယိုင် ဖြစ်ခြင်း
ခေါင်းကိုက်တတ်သူများ မိမိကိုယ်ကိုသတိနဲ့စစ်ဆေးပါ။
• ပြုံးလိုက်တိုင်း ပါးရွဲ့သွားသလား
• လက်မြှောက်လို့ရလား
• စကားထစ်လာလား
တခါမှ မဖြစ်ဘူးဘဲ ရုတ်တရက်ထဖြစ်လာတဲ့ ခေါင်းကိုက်ရောဂါ အရင်ကထက် ပိုဆိုးဝါးတဲ့ခေါင်းကိုက်ရောဂါဆိုရင် ဆေးရုံ ချက်ချင်းပြသကြဖို့အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
• ကိုယျခန်ဓာတခွမျးလဖွေတျတာ
• ထုံတာကငြျတာ















