/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်ရောဂါအတွက်-အသင့်တော်ဆုံး-အာရုံကြော-အားဖြည့်ဗီတာမင်များ

ခေါင်းကိုက်ရောဂါအတွက် အသင့်တော်ဆုံး အာရုံကြော အားဖြည့်ဗီတာမင်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခေါင်းကိုက်ရောဂါကို ခေါင်းကိုက်ပျောက်ဆေး သောက်သုံးတာအပြင် သင့်တော်ရာ ဖြည့်စွက်စာနဲ့ ဆေးဝါးတွေ မှီဝဲလို့ရအောင် ဒါလေးတွေ အကြံပြုပေးလိုက်ပါတယ်။

          နာတာရှည် ခေါင်းကိုက်အတွက်ကတော့ ဗီတာမင် D က အကောင်းဆုံးပါတဲ့။ အာရုံကြောတွေကို ကျန်းမာစေပြီး ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။ ဦးနှောက်တွင်းက တချို့နေရာတွေကို အားဖြည့်ပေးပြီး ခေါင်းကိုက်သက်သာစေပါတယ်။

          ဗီတာမင် D ပြည့်ဝတဲ့ အစားအစာတွေကတော့ -

●        နွားနို့

●        ကြက်ဥ

●        မှိုအမျိုးမျိုး

●        အရိုးပါစားနိုင်သော ငါးကလေးများ ဖြစ်ပါတယ်။

          နေ့စဉ် နေရောင်ခြည် ၁၀ မိနစ်ခန့် ခံပေးရင်လည်း ဗီတာမင် D ဓာတ်ကို ရရှိနိုင်ပါတယ်။

Bio Adult 1

          ဗီတာမင် B6, B12 နဲ့ ဖောလစ်အက်ဆစ်ကလည်း အလွန်ထိရောက်တဲ့ ဗီတာမင်တွေပါတဲ့။ ဒါတွေ ချို့တဲ့ရင် ခေါင်းကိုက်တာကို ပိုဆိုးစေပါတယ်။

●        ပဲအမျိူးမျိုးနဲ့ အစေ့အဆန်တွေမှာ ဖောလိတ်ဓာတ် ကြွယ်ဝပါတယ်။

●        ငါး၊ အသား၊ ကြက်ဥ၊ ဘဲဥ နဲ့ နွားနို့ ဒိန်ခဲတွေမှာ B12 ပါဝင်ပါတယ်။

●        အစိမ်းရင့်ရင့် အသီးအနှံတွေ၊ ပန်းဂေါ်ဖီစိမ်း၊ ချဉ်ပေါင်၊ ကန်စွန်းတွေမှာတော့ B12 ဓာတ် ပြည့်လျှံနေပါသတဲ့။

●        အာလူး၊ ပုဇွန်ဆိတ်၊ ချောကလက်အမည်းတွေမှာ မဂ္ဂနီဆီယမ်ပါဝင်ပြီး ခေါင်းကိုက်ရောဂါအတွက် အလွန်ကောင်းမွန်ပါတယ်။

●        ငါးကြီးဆီ တစ်နေ့တစ်လုံးလောက်တော့ မှီဝဲကြည့်ပါဦး။ ခေါင်းကိုက်တတ်တဲ့ အကြိမ်အရေအတွက် နည်းလာတာ သတိထားမိမှာပါ။

●        ပင်လယ်စာ ပင်လယ်ငါးတွေမှာလည်း အိုမီဂါ 3 ပြည့်ဝစွာ ပါဝင်နေလို့ ခေါင်းကိုက်တတ်သူ ဆိုရင်တော့ နေ့စဉ် ငါးစားဖို့တော့ မမေ့ပါနဲ့လို့။

          နောက်ဆုံးအနေနဲ့ အိပ်ရာမဝင်ခင် ကော်ဖီ၊ လက်ဖက်ရည် သောက်တာက အာရုံကြောနဲ့ ကြွက်သားတွေကို နိုးကြားနေစေပြီး ပြေလျော့မလွယ်တာကြောင့် ခေါင်းကိုက်တတ်ရင် ကော်ဖီ၊ လက်ဖက်ရည် ရှောင်ကြပါနော်။ ခေါင်းကိုက်တဲ့အခါ ခြေဖဝါးလေးကို ဆီလေးနဲ့ နှိပ်နယ်ပေးတဲ့ ကုထုံးကလည်း စိတ်ဖီစီးမှုတွေကို အထိုက်အလျောက် လျော့ပါးစေပြီး တကိုယ်လုံးက အာရုံကြောတွေကိုပါ ပြေလျော့သွားစေပါသတဲ့။

ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)

