ခဲဆိပ်သင့်မှုအန္တရာယ် သတိပြုဖွယ်
ခဲဟာ ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ခဲဆိပ်သင့်ခြင်းကြောင့် ဦးနှောက်၊ ကျောက်ကပ်၊ အသည်း၊ သွေးနဲ့ မျိုးပွားအင်္ဂါများကို ထိခိုက်စေနိုင်ပါတယ်။
>> ကလေးငယ်များ
ကလေးငယ်များဟာ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးဆဲအရွယ် ဖြစ်တဲ့အပြင် လူကြီးထက် ခဲစုပ်ယူမှု ၄ ဆမှ ၅ ဆ များတဲ့အတွက် ပိုပြီးထိခိုက်မှု ပိုများနိုင်ပါတယ်။
● ဉာဏ်ပညာ ထိခိုက်ခြင်း
● ကျောင်းစာ လိုက်မမီခြင်း
● အမူအကျင့် ပြောငး်လဲခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
>> လူကြီးများ
လူကြီးတွေမှာ -
● နှလုံးသွေးကြောကျဉ်းခြင်း
● လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
>> ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေနိုင်တဲ့အပြင်
● သနေ္ဓသားလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















