ခံတွင်းခြောက်ခြင်းကို သက်သာစေရန်
- တံတွေးထွက်ခြင်းကို လှုံ့ဆော်နိုင်ရန် အချိုမပါတဲ့ ပီကေဝါးခြင်း ပြုလုပ်နိုင်ပါတယ်။
- ကဖိန်းဓာတ်သည် ခံတွင်းခြောက်ခြင်းကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် ကဖိန်းသောက်သုံးမှုကို လျှော့ချပါ။
- အရက်ပြန်ပါဝင်တဲ့ ခံတွင်းဆေးရည်များကို အသုံးမပြုပါနှင့်။
- ဆေးလိပ်ဖြတ်ပါ။
- ရေကိုအမြဲမပြတ်သောက်သုံးပါ။
- ခံတွင်းခြောက်ခြင်းအတွက် အထူးထုတ်လုပ်ထားတဲ့ Xylitol ပါတဲ့ ခံတွင်းဆေးရည်များကို အသုံးပြုသင့်ပါတယ်။ ၎င်းတို့သည် သွားပျက်စီးမှုလည်းကာကွယ်ပေးနိုင်ပါတယ်။
- ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဓာတ်မတည့်မှုများတွင်အသုံးူပြုသောဆေးများနဲ့ နှာရည်ယို၊ နှာပိတ်ရာတွင် အသုံးပြုတဲ့ဆေးများသည် ခံတွင်းကို ပိုမိုခြောက်သွေ့စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
- အသက်ရှုလျှင် ပါးစပ်ဖြင့် ရှူတတ်တဲ့အကျင့်ရှိရင် ဖျောက်ပါ။
- သွားဆရာဝန်နှင့် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ်ခန့်သွားကျန်းမာရေးစစ်ဆေး၍ သွားပျက်စီးခြင်းနဲ့ အခြားသွားပြဿနာတွေကိုပါ ကြိုတင်ကာကွယ်နိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)
















