ခရမ်းချဉ်သီးရဲ့ အစွမ်းထက်ပုံ ၉ မျိုး
Super Food လို့တင်စားခေါ်ေဝါ်ကြတဲ့ အနီရဲရဲခရမ်းချဉ်သီးလေးတွေဟာ နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါနဲ့ ကင်ဆာရောဂါတွေကိုချေဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုပါ လျော့ကျစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဈေးလည်းချိုသာအလွယ်တကူလည်း ၀ယ်ယူရရှိနိုင်တဲ့ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးပြု ပုံလေးတွေကို ေ၀ငှလိုက်ပါတယ်။
(1) အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေခြင်း
ခရမ်းချဉ်သီးမှာ အမြင်အာရုံအတွက် အထူးကောင်းမွန်စေတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်၀စွာ ပါ၀င် ပါတယ်။ဗီတာမင် A က မြင်လွှာပျက်စီးခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီးဗီတာမင် C ကတော့ အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေနိုင်တဲ့အပြင် ညဘက်မှာ အမြင်အာရုံေ၀ဝါးမှုဖြစ်ခြင်းမှလည်း တားဆီးပေးပါ တယ်။
(2) ကင်ဆာရောဂါကိုချေဖျက်ပေးနိုင်ခြင်း
ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ လိုင်ကိုပင်းဓာတ် (Lycopene) မြင့်မားစွာ ပါရှိတာကြောင့် အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုပျောက် ကင်းစေနိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်းမှ ပိုမိုလျှော့ချနိုင်ဖို့ ခရမ်းချဉ်သီးနဲ့ချက်တဲ့ ဟင်းလျာတွေမှာ သံလွင်ဆီကိုသုံးပြီးချက်စားသင့်ပါတယ်။
(3) အသားအရေကြည်လင်စေခြင်း
ခရမ်းချဉ်သီးကို နေ့စဉ်ပုံမှန်စားပေးပါက အသားအရေကြည်လင်၀င်းပလာစေမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာပါ၀င်တဲ့ လိုင်ကိုပင်းဓာတ်ဟာ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေ၊ အရေးအကြောင်း ဖြစ်ပေါ်တာတွေ၊ ၀က်ခြံနဲ့ အမည်းစက်တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ အရေပြားပေါ်မှာလိမ်းကျံပေးပါက မွဲခြောက်နေတဲ့အသားရေကို ပြန်လည်စိုပြည်လာစေ မှာ ဖြစ်ပါတယ်။
(4) သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်ခြင်း
အမျှင်ဓာတ်ကြွယ်၀စွာ ပါ၀င်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းမှ လျှော့ချပေးနိုင်ပြီး ခရမ်းချဉ်သီးမှာပါ၀င်တဲ့ ခရိုမီယမ်ဓာတ်ကတော့ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးမှာပါ၀င်တဲ့ အင်တီအောက်ဆီဒင့်က သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
(5) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ခြင်း
ခရမ်းချဉ်သီးမှာပါ၀င်တဲ့ ဗီတာမင်စီဟာကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုပေးစွမ်းနိုင်တာကြောင့် ညဘက် အိပ်မပျော်တဲ့သူတွေနဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ခရမ်းချဉ်သီးပါ၀င်အောင် စားပေးသင့်ပါတယ်။
(6) အရိုးတွေကိုသန်မာစေနိုင်ခြင်း
ခရမ်းချဉ်သီးမှာပါ၀င်တဲ့ ဗီတာမင် K နဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးပွခြင်း၊ အရိုးကျိုးခြင်း၊ ခန္ဓာကိုယ်ရှိ အကြောအဆစ်များတွင် နာကျင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် ပါ၀င်တာကြောင့် အကြောတက်ခြင်းမှ ကင်းေ၀းစေပါတယ်။
(7) နာတာရှည်ရောဂါများကိုသက်သာစေနိုင်ခြင်း
ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့ TNF – Alpha ဆိုတဲ့ ဓာတ်တစ်မျိုးကို 34 ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ အရိုးပွရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေအနေနဲ့ ခရမ်းချဉ်သီးကို မဖြစ်မနေစားသုံးဖို့ လိုအပ်ပါတယ်။
(8) ဆံကေသာသန်စွမ်းစေနိုင်ခြင်း
ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်နဲ့ သံဓာတ်ဟာ ဆံသားကို သန်စွမ်းစေနိုင်တဲ့အပြင် ဆံကေသာ မွဲခြောက်ခြင်းမှ ကင်းေ၀းအောင် ကူညီပေးပါတယ်။ ဦးရေပြားယားယံပြီး ဗောက်များဖြစ်ပေါ်နေပါ က ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့အခါ ခရမ်းချဉ်သီးအရည်ကို ဦးခေါင်းအနှံ့ စိုစွတ်အောင် ပြုလုပ်ပြီး ၅ မိနစ်လောက် အကြာမှာတော့ ရေအေး (သို့) ရေနွေးနွေးလေးနဲ့ လျှော်ပေးလိုက်ရုံပါပဲ။ ဒါပေမယ့် မကြာခဏအသုံးပြုတာမျိုးတော့ မလုပ်ရပါဘူး။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာ အက်ဆစ်ဓာတ်များတာကြောင့် အမြဲတစေအသုံးပြုမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါတယ်။
(9) ကိုယ်အလေးချိန် လျော့ကျစေနိုင်ခြင်း
ခရမ်းချဉ်သီးမှာ အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်ပြီး ရေဓာတ်ပါ၀င်မှု မြင့်မားတာကြောင့် မလိုအပ်တဲ့ ကယ်လိုရီတွေမပါဘဲနဲ့ ဗိုက်ကိုပြည့်တင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ ခရမ်းချဉ်သီးကိုအစိမ်းဖြစ်စေ (သို့) အသုပ်ထဲမှာ ထည့်စားခြင်းဖြစ်စေ နေ့စဉ်စားပေးသင့်ပါတယ်။
CMS






























