ခြေထောက်မှာဖြစ်တဲ့အနာ
>> ခြေထောက်အနာဖြစ်တယ်ဆိုရာမှာ
● ဆီးချိုအနာ
● သွေးပြန်ကြောအနာ
● သွေးလွှတ်ကြောအနာ
● ကင်ဆာအနာ
● အာရုံကြောအနာ
● ထိခိုက်နာ စသဖြင့် အမျိုးမျိုးရှိတယ်။
အသက်ကြီးသူတွေမှာ အထူးသဖြင့် တွေ့ရတတ်တယ်။ သွေးလှည့်ပတ်မှုမကောင်းတာကလည်း ခြေထောက်အနာဖြစ်စေတဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။ ဆီးချိုရှိသူတွေမှာဆိုရင် အနာကျက်တာ ပုံမှန်မဟုတ်တဲ့အတွက်လည်း အနာတွေဖြစ်တတ်ပါတယ်။
ဆရာဝန်နဲ့ သေချာစစ်ဆေးကြည့်ပြီးမှ ကုသရမယ်။ ဆရာဝန်ဆရာမတွေက အိမ်မှာအနာကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ရှင်းပြလိမ့်မယ်။ အနာကျက်တဲ့အဆင့်ပေါ် မူတည်ပြီး အုပ်ရတဲ့ပတ်တီး မတူညီဘူး။ သွေးပြန်ကြောအနာကျက်ဖို့အတွက် compression bandage လို့ခေါ်တဲ့ ဖိပြီးအုပ်ရတဲ့ပတ်တီးတွေ စည်းပေးရပါတယ်။
ဆီးချိုရောဂါရှိသူတွေ၊ တခြားအကြောင်းကြောင်းကြောင့် ခြေထောက်တွေ ထုံကျဉ်နေသူတွေ၊ သွေးလှည့်ပတ်မှုပြဿနာရှိနေသူတွေမှာတော့ ပုံမှန်ကုသမှုခံယူရင် ပျောက်ကင်းနိုင်တယ်။
>> တကယ်လို့
● အနာကျက်တာနှေးနေရင်
● နာတာ၊ ပြည်ထွက်တာ၊ နီတာ၊ ပူနေတာ စသဖြင့် ပိုးဝင်တဲ့လက္ခဏာတွေရှိနေရင်
● အနာပိုပိုဆိုးလာရင် ဆရာဝန်နဲ့ ပြဖို့လိုတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















