/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခွဲစိတ်အပြီး-ဖြစ်လေ့ရှိတဲ့-နောက်ဆက်တွဲဆိုးကျိုးများ

ခွဲစိတ်အပြီး ဖြစ်လေ့ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူအများစုဟာ ခွဲစိတ်​မှု​ အောင်​မြင်​ဖို့ကိုသာ စိတ်​သန်​​နေ​လေ့ရှိကြ​တာမို့ ခွဲစိတ်​အပြီး အနာပြန်​ကျက်​ဖို့ ဘယ်​​လောက်​ခက်​ခဲတယ်​ဆိုတာကို ​မေ့​နေတတ်​ကြတယ်​။ ခွဲစိတ်​အပြီး နာလန်​ပြန်​ထဖို့ဟာ အခက်​ခဲဆုံးပါပဲ။ တ​ချို့​တ​​လေအတွက်​ဆိုရင်​ အင်​မတန်​မှ နာတတ်​ကျင်​တတ်​ကြတယ်​။ အ​ကောင်​းဆုံးရလဒ်​ကိုရဖို့အတွက်​ စိတ်ရှည်​သည်​းခံဖို့ လိုတယ်​။

          ခွဲစိတ်​အပြီးမှာ ပြဿနာတစ်​စုံတစ်​ရာ ကြုံ​တွေ့တာ၊ ဆရာဝန်​ ဆရာမ​တွေရဲ့ ညွှန်​ကြားမှုကို နားမလည်တာမျိုး​တွေ ဖြစ်​တတ်​ကြတယ်​။

 

>>    ခွဲစိတ်​အပြီးမှာ ဘာကပုံမှန်​၊ ဘာကပုံမမှန်​တာလဲ?

          တ​ချို့အရာ​တွေဟာ ပုံမှန်​ဖြစ်​ရိုးဖြစ်​စဉ်​​တွေဖြစ်​ပြီး ရက်​ပိုင်​းအတွင်​းမှာတင်​ ​ပျောက်​သွားတတ်​ကြတယ်​။ (ဥပမာ - လည်​​ချောင်​းနာတာလိုမျိုး​ပေါ့။) တကယ်​လို့ အ​ရေး​ပေါ်လို့ထင်​ရင်​ ခွဲစိတ်​ဆရာဝန်​နဲ့ ချက်​ချင်​း ပြန်ပြတာလိုမျိုး၊ အ​ရေး​ပေါ်သွားပြတာလိုမျိုး လုပ်​သင်​့တယ်​။

 

>>    ဘယ်​​နောက်​ဆက်​တွဲဆိုးကျိုး​တွေက စိုးရိမ်​ရသလဲ?

          အသက်​ရှူရခက်​ရတာ၊ ​သွေးအများကြီးထွက်​တာ၊ ရုတ်တ​ရက်​ကြီး တ​အားနာလာတာ၊ နာတာ ကျင်တာကို ဘယ်​လိုမှထိန်​းမရတာမျိုး​တွေ ဖြစ်​လာခဲ့ရင်​ ချက်​ချင်​း ဆရာဝန်​နဲ့ပြပါ။ ဆီးပိုးဝင်​တာမျိုးက အရမ်းအဖြစ်​များပြီး လျစ်​လျူ မရှုသင်​့ဘဲ ဆရာဝန်​နဲ့ ဆက်သွယ်သင်​့တယ်​။

          ABC Airway-Breathing-Circulation လို့​ ခေါ်တဲ့ ​လေလမ်​း​ကြောင်​းပိတ်​​နေတာ၊ အသက်​ရှူမရတာ၊ ​သွေးလည်​ပတ်​မှု နည်​းသွားတာ​တွေ ဖြစ်​လာခဲ့ရင်​ ချက်​ချင်​း ဆရာဝန်​နဲ့ ပြဖို့လိုတယ်​။

 

>>    ဘာလု့ိ ဆီးသွားမရတာလဲ?

          တ​ချို့လူနာ​တွေမှာ ခွဲစိတ်​အပြီး ဆီးသွားရခက်​တာ၊ ဆီးပူတာ​တွေကို ခံစားရတတ်​တယ်​။ အနည်​းစုမှာ ဆီး လုံးလုံး မသွားနိုင်​တာမျိုး​တွေ​တောင်​ ဖြစ်​နိုင်​တယ်​။ ​မေ့​ဆေးအရှိန်​​ကြောင်​့​သော်​လည်​း​ကောင်​း၊ ဆီးပိုက်​ထည့်ထားတာ​ကြောင်​့​သော်​လည်​း​ကောင်​း၊ နှစ်​ခုလုံး​ကြောင်​့​သော်​လည်​း​ကောင်​း ဖြစ်​နိုင်​တယ်​။ ဆီးပိုက် ထည့်ထားသူ​တွေမှာ ဆီးပိုး ပိုဝင်​နိုင်​ပြီး ဆီးပူနိုင်​တယ်​။

          ခွဲစိတ်​အပြီး ဆီးသွားတဲ့ပြဿနာ တစ်​စုံတစ်​ရာဖြစ်​​နေရင်​ ခွဲစိတ်​ဆရာဝန်​ကိုဖြစ်​ဖြစ်​၊ ဆေးခန်းမှာပဲဖြစ်ဖြစ်​ ​ပြောပြဖို့လိုတယ်​။ ဆီး လုံးလုံးမသွားနိုင်​တာ၊ အနည်​း​အကျဉ်​း​လေးပဲ သွားနိုင်တာမျိုးကတော့ အ​ရေး​ပေါ်ကို​ပြေးဖို့လိုတယ်​။

 

>>    ခွဲ​ကြောင်​းကို ဘယ်​လိုဂရုစိုက်ကြမလဲ?

          ခွဲ​ကြောင်​းကို ဂရုစိုက်​တာဟာ ထင်​သ​လောက်​ မခက်​ခဲဘူး​နော်​။ အဓိကက လက်​ကို​ သေချာ​ဆေးပေးဖို့ပဲ။ ​ဒီ့​နောက်​​တော့ ပတ်​တီး လဲ​ပေးဖို့ပဲ ကျန်​​တော့တာပါ။ ကံ​ကောင်​း​ထောက်​မတာက ခွဲ​ကြောင်​း​ တော်​​တော်​များများဟာ ပတ်​တီးစည်​းဖို့​တော့ မလိုပါဘူး။ ဒီအတိုင်​း ​လေသလပ်​ထားလိုက်​ပါ။

 

>>    ပိုးဝင်​​နေပြီလား?

          ပုံမှန်​ခွဲ​ကြောင်​းနဲ့ ပိုးဝင်​​နေတဲ့ခွဲ​ကြောင်​း ဘာကွာလဲ? နှစ်​ခုလုံးက နီရဲပြီး နာ​နေတာမို့ ခွဲရခက်တတ်တယ်။ တကယ်​ပိုးဝင်​မဝင်​က​တော့ ဆရာဝန်​ပဲ သိမှာ​ပေါ့။ ဒီလက္ခဏာ​တွေက​တော့ နီရဲလာတာ၊ နာလာတာ၊ ​ရောင်ရမ်​းလာတာ၊ ပြည်​​တွေ ထွက်​လာတာအပြင်​ အဖျားဝင်​လာတာ​တွေ ဖြစ်​နိုင်​တယ်​။

          ခွဲစိတ်​ပြီး​နောက်​ ပိုးဝင်​တာကို လျစ်​လျူရှုလို့ မဖြစ်​ပါဘူး။ ပိုးဝင်​တာက​တော့ ဘယ်​​တော့မှ ပုံမှန်​မဟုတ်​ဘူး။ ချက်​ချင်​းကုမှ ဆိုးဆိုးရွားရွား​ နောက်​ဆက်​တွဲ​တွေကို ကာကွယ်​နိုင်​မှာပါ။

 

>>    ဘာလို့ဝမ်​းချုပ်​​နေတာလဲ?

          မခွဲခင်​ ဘာမှမစားရ​ဘဲနဲ့ ခွဲစိတ်​မှု​ကြောင်​့ ဝမ်​း ဘယ်​လိုချုပ်​သွားလဲဆိုပြီး ​တွေးမိ​နေတတ်​ကြမှာ​ပေါ့​။ ခွဲအပြီး ဝမ်​းချုပ်​တာဟာ အကိုက်​အခဲ​ပျောက်​​ဆေး​တွေ၊ ​မေ့​ဆေး​တွေ၊ ခွဲစိတ်​မှုရဲ့ဖိစီးမှု​တွေ၊ မလှုပ်​မရှားမှု​တွေ၊ ရေဓာတ်​ ခမ်​း​ခြောက်​ခြင်​း​တွေ​ကြောင်​့ ဖြစ်​​လေ့ရှိတယ်​။ ဒါ​ကြောင်​့ ဝမ်​းမချုပ်​​အောင်​ ကိုယ်​ကိုယ်​တိုင်​ အရည်​များများ​သောက်​၊ အမျှင်​များတဲ့ အစားအ​သောက်​​တွေ စားတာမျိုး​တွေ လုပ်​​ပေးပါ​နော်​။

          ဝမ်​းချုပ်​တာကို ကုသတာထက်​စာရင်​ ကာကွယ်​​တာက ပို​ကောင်​းတယ်​။ ဝမ်​းညှစ်​ရတာက နာတာကို ပိုဆိုး​စေနိုင်​ပြီး ခွဲ​ကြောင်​း​ပေါ် ဖိအားများ​စေတာ​ကြောင့်​ ​နောက်​ဆက်​တွဲဆိုးကျိုး​တွေကို ဖြစ်​​စေနိုင်​တယ်။

 

>>    ဘာလု့ိလည်​​ချောင်​းနာရတာလဲ?

          ခွဲစိတ်​အပြီးမှာ လူနာအများစု လည်​​ချောင်​းနာတတ်​တယ်​။ ဘာ​ကြောင်​့ဖြစ်​မှန်​း​တော့ မသိကြဘူး။ တင်ပါးဆုံ ခွဲတာ ဘာလို့လည်​​ချောင်​းက တက်​နာရတာလဲ စသဖြင်​့ ​မေးတတ်​ကြတယ်​။ အဖြစ်​များတဲ့ အကြောင်းရင်​း တစ်​ခုဖြစ်​ပြီး​တော့ ခွဲစိတ်​တုန်​းမှာ ထည်​့ထားတဲ့ အသက်​ရှူပိုက်​​ကြောင်​့ ဖြစ်​တာပါ။

 

>>    ခွဲ​ကြောင်​းက နာလိုက်​တာ ...

          နာတာ ကျင်​တာဟာ ခွဲအပြီး ​ကြောက်​ရတဲ့​နောက်​ဆက်​တွဲ တစ်​ခုပါပဲ။ ဒါ​ပေမဲ​့ ဆရာဝန်​​ပေးတဲ့ အကိုက်အခဲ​ပျောက်​​ဆေး​တွေ​ သောက်​တာနဲ့ အနားယူ၊ ဖြည်​းဖြည်​းချင်​း လှုပ်​လှုပ်​ရှားရှား လုပ်​စသဖြင်​့ နည်းလမ်း​တွေက နာတာ ကျင်​တာကို သက်​သာ​စေပြီး ဒီခက်​ခဲတဲ့အချိန်​​လေးကို ​ကောင်​း​ကောင်​း ​ကျော်​လွှားနိုင်​ပါလိမ်​့မယ်​။ အ​ကောင်​းဆုံးက နာတာက ကိုယ်​့ကို အနိုင်​မယူခင်​ ကိုယ်​က အနာကို အရင်​အနိုင်​ယူဖို့ပါ။

          အနာကို​ ကောင်​း​ကောင်​း ထိန်​းချုပ်​နိုင်​ရင်​လည်​း အနာကျက်​တာ ပိုမြန်​ပြီး​တော့  ပုံမှန်​အတိုင်​း ပြန်လှုပ်ရှားနိုင်​လာလိမ်​့မယ်​။

 

>>    ခွဲစိတ်​အပြီး စိတ်​ဓာတ်​ကျခြင်​း

          ခွဲစိတ်​တဲ့လူနာ​တွေကြာမှာ စိတ်​ဓာတ်​ကျတာကလည်​း မနည်​းဘူး​နော်​။ မခွဲခင်​ကတည်​းက စိတ်​ဓာတ်​ကျ​နေတာ​သော်​လည်​း​ကောင်​း၊ ခွဲအပြီး နာတာကျင်​တာ၊ မလှုပ်​ရှားနိုင်​တာ​တွေ​ကြောင်​့​သော်​လည်​း​ကောင်​း တွေ့ရတတ်​တယ်​။

          ​ကောင်​း​ကောင်​း ကုသနိုင်​ဖို့အတွက်​ စိတ်​ဓာတ်​ကျ​နေ​ကြောင်​း အရင်​သိဖို့ို လိုတယ်​။ ​ရောဂါလက္ခဏာ​တွေက​တော့ နည်​းနည်​းစိတ်​ဓာတ်​ကျရုံ​လေးက​နေ သတ်​​သေချင်​စိတ်​​ ပေါက်​တဲ့အထိကို ဖြစ်​နိုင်​တယ်​။ ဒါ့အပြင်​ စိတ်​တိုစိတ်​ဆတ်​​နေတာ၊ အအိပ်​အ​နေ၊ အစားအ​သောက်​ပုံစံ ​ပြောင်​းလဲတာ​တွေပါ ဖြစ်​နိုင်​တယ်​။ ဒီလက္ခဏာ​တွေက​တော့ ဖြစ်​​လေ့ရှိတဲ့လက္ခဏာ​တွေနဲ့ ခွဲရခက်​တတ်​တယ်​။ တကယ်​လို့ ကိုယ်​ကိုယ်​တိုင်​မှာဖြစ်​ဖြစ်​၊ ချစ်​ရခင်​ရသူတစ်​​ယောက်​​ယောက်​မှာဖြစ်​ဖြစ်​ ဒီလက္ခဏာ​တွေဖြစ်​လာခဲ့ရင်​ သတိထား​ပေါ့။

 

>>    ခွဲစိတ်​အပြီး ဖျားနာခြင်​း

          ခွဲစိတ်​အပြီး ဖျားတာနာတာဟာ ပုံမှန်​ပဲလားလို့ ​တွေးထင်​မိတတ်​ကြလိမ်​့မယ်​။ ဖျားတိုင်​း​ ပုံမှန်​မဟုတ်​တာ​တော့ မဟုတ်​ပါဘူး။ ဒါ​ပေမဲ့ ဖျားနာတာက အ​ရေးကြီးမကြီးက​တော့ ဆရာဝန်​ကသာ ဆုံးဖြတ်​နိုင်​လိမ့်မယ်။

          ​ယေဘုယျ​ ပြောရမယ်​ဆိုရင်​ အဖျား ၁၀၀​° အောက်​​လောက်​ ​ငွေ့​ငွေ​့​လေးပဲ ဖျားတာမျိုးဆိုရင်​ ibuprofen, acetaminophenစတဲ့​ဆေး​တွေ ​ပေးလိူ့ရတယ်​။ ၁၀၀° ​ကျော်​သွားပြီ ဆိုရင်​​တော့ ချက်​ချင်​း ဆရာဝန်​နဲ့ ပြဖို့လိုတယ်​။

 

>>    ​ရေချိုးလို့ရလား? ​ရေကူးလို့ရလား?

          ခွဲစိတ်​အပြီးမှာ ​ရေချိုးချင်​တာ၊ ​ရေကူးချင်​တာ တစ်​ပိုင်​း​သေ​နေမှာ​ပေါ့။ ဒါ​ပေမဲ​့ ဘယ်​အချိန်​မှာ ရေစိုရမယ်​၊ ဘယ်​အချိန်​အထိ​ စောင်​့ဖို့ လိုတယ်​ဆိုတာ သတ်​မှတ်​ထားတာရှိသလို ခွဲ​ကြောင်​း အခြေအနေကလည်​း အဆုံးအဖြတ်​​ပေးတယ်​။ ဒီအ​ကြောင်​းကို မခွဲခင်​ကတည်​းက ဆရာဝန်​နဲ့ တိုင်​ပင်​ဖို့ လိုတယ်နော်​။

          ​ယေဘုယျ​ပြောရမယ်​ဆိုရင်​ ခွဲ​ကြောင်​း လုံးဝမစိ​သေးရင်​၊ ခွဲ​ကြောင်​းချုပ်ရိုး မ​ဖြေရ​သေးဘူးဆိုရင်​၊ အလုပ်​ ပြန်​မလုပ်​ရ​သေးဘူးဆိုရင်​ ​ရေပန်​းနဲ့ပဲ ချိုးပါဦး။

 

>>    ခွဲ​ကြောင်​းကြီး ပွင်​့​နေတယ်​!

          ခွဲ​ကြောင်​းကြီး ပွင်​့ထွက်​​နေတာကို မြင်​ရတာထက်​ ​ကြောက်​စရာ​ကောင်​းတာ မရှိ​တော့ဘူး။ နည်းနည်းလေး ဟရုံက​နေ ချုပ်​ရိုးအ​ကြောင်​းလိုက်​ကြီး ပြုတ်​ထွက်​ပြီး အတွင်​းကလီစာ​တွေ ထွက်နေတာအထိကို ဖြစ်​နိုင်​တယ်​။ ဒီလိုဖြစ်​​နေရင်​ ဆရာဝန်​နဲ့ ချက်​ချင်​းပြဖို့ လိုလိမ်​့မယ်​​နော်​။

Dr. Mya Phoo Ngon (www.drmyanmar.com)