စိတ်ကြောင့် ဦးနှောက်သေ
စိတ်ကျေ၀ဒနာကို နာတာရှည်ရောဂါလိုမျိုးခံစားနေရပါက မှတ်ဉာဏ်အသစ်များ မဖြစ်ထွန်းနိုင်တော့ပါ။ အကြောင်းမှာ မှတ်ဉာဏ်ဖွ့ံဖြိုးစေတဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်တဲ့ hippocampus ဟာ မှတ်ဉာဏ်များကို အဓိက သိုလှောင်သိမ်းဆည်းထားရာနေရာတစ်ခုဖြစ်ပြီး ယင်းမှတ်ဉာဏ်တွေကို စိတ်ခံစားချက်နဲ့ ဆက်သွယ်ပေးတာကြောင့် စိတ်ထိခိုက်တဲ့အခါ hippocampus ဦးနှောက်ပိုင်းက ကျုံ့သွားခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် မိမိကိုပျော်ရွှင်စေတဲ့သူ၊ အရှက်ရစေတဲ့သူကို မှတ်မိနေခြင်းဟာ မှတ်ဉာဏ်နဲ့စိတ်ခံစားချက် ချိတ်ဆက်မှုရှိတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ၀မ်းနည်းပူဆွေးခြင်း၊ ကျရှုံးခြင်း၊ ဆုံးရှုံးခြင်း၊ ဒေါသထွက်ခြင်းစတဲ့ ဆိုးရွားသော စိတ်ခံစားချက်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေဟာ လူတစ်ယောက်ရဲ့ဘ၀ထဲကို အမြဲတစေ၀င်ရောက်နေစေနိုင်သလို ရံဖန်ရံခါမှလည်း တိုး၀င်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖိစီးမှုတွေကိုစိတ်ထဲမှာ အချိန်ကြာကြာကိန်းအောင်းခွင့်ပြုထားပါက မှတ်ဉာဏ်အတွက် အဓိကဦးနှောက်အစိတ်အပိုင်းဖြစ်တဲ့ hippocampus ဟာ ကျုံ့သထက်ကျုံ့သွားမှာဖြစ်ပြီး ဉာဏ်ရည်ထက်မြက်မှုမရှိတော့ဘဲ မှတ်ဉာဏ်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတစ်စုံတစ်ရာကြုံတွေ့ပါက စိတ်ထဲမှာစွဲမြဲမထားဘဲ လျင်မြန်စွာဖယ်ထုတ်ပါ။ ဒါမှသာ မှတ်ဉာဏ်ဖွ့ံဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်မယ်ဆိုတာ အစဉ်သဖြင့် သတိရှိနေသင့်ပါတယ်။
CMS
















