စိတ်ဖိစီးမှုကြောင့် စိတ်နဲ့ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သလဲ
စိတ်ဖိစီးမှုကို လူတိုင်းလိုလို ကြုံတွေ့ဖူးကြပါတယ်။ ယာယီစိတ်ဖိစီးတာက ကျန်းမာရေးကို ဒုက္ခမပေးပေမယ့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေရင်တော့ ကိုယ်ရော စိတ်ပါ ထိခိုက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။
>> ကိုယ်ခန္ဓာပြောင်းလဲမှုများအနေဖြင့် -
● ခေါင်းကိုက်ခြင်း
● ကြွက်သား တောင့်တင်းနာကျင်ခြင်း
● ရင်ဘတ်အောင့်ခြင်း
● နုံးချိခြင်း
● လိင်ဆက်ဆံစဉ် ပြောင်းလဲမှုများကြုံတွေ့ခြင်း
● ဗိုက်နာခြင်း
● အိပ်မပျော်ခြင်း စသည်တို့ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
>> စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအနေနဲ့ကတော့ -
● စိုးရိမ်သောကများခြင်း
● ဂဏှာမငြိမ်ဖြစ်ခြင်း
● တက်ကြွမှုမရှိခြင်း
● ထိုင်းမှိုင်းနေခြင်း
● စိတ်တိုလွယ်ခြင်း
● ဝမ်းနည်းနေခြင်း
● စိတ်ဓာတ်ကျခြင်း တို့ကို ကြုံတွေ့ရမှာဖြစ်ပြီး
>> အမူအကျင့်ဆိုင်ရာပြောင်းလဲမှုများအနေဖြင့် -
● အစားများခြင်း သို့မဟုတ် အစားနည်းခြင်း
● ဒေါသမထိန်းနိုင်ဘဲ ပေါက်ကွဲခြင်း
● ဆေးလိပ်နဲ့အရက်များ သောက်သုံးခြင်း
● မူးယစ်ဆေးများ သောက်သုံးခြင်း
● လူမှုရေးအားနည်းလာခြင်း
● ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်လိုစိတ်မရှိခြင်း စသည်တို့ကို ရင်ဆိုင်ရနိုင်ပါတယ်။
Enervon-C Adult 1

အထက်ပါ လက္ခဏာတွေရှိနေပြီဆိုရင်တော့ သင့်မှာ စိတ်ဖိစီးမှုမြင့်မားနေပြီ ဖြစ်ပါတယ်။ ဒါဆိုရင် စိတ်ဖိစီးမှုကို မိမိဘာသာ ဘယ်လိုကုစားမလဲ။
● ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
● ကြွက်သားများ ပြေလျော့စေသော အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း၊ ယောဂကစားခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။
● Vitamin C ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးတာမျိုး၊ Vitamin C ပါဝင်တဲ့အားဆေး (ဥပမာ - Enervon-C) တွေ မှီဝဲပေးတာမျိုး ပုံမှန်လုပ်ပေးသင့်ပါတယ်။
● မိသားစုနဲ့သူငယ်ချင်းများကို အချိန်ပေးပါ။
● မိမိဝါသနာပါရာအတွက် အချိန်ပေးပါ။ ဥပမာ - စာဖတ်ခြင်း၊ တီဗီကြည့်ခြင်း
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်လဲ?
အထက်ပါ နည်းလမ်းများအတိုင်း ကြိုးစားတာတောင်မှ စိတ်ဖိစီးမှုသက်သာခြင်း မရှိလျှင်သော်လည်း ကောင်း၊ မိမိကိုယ်ကိုသတ်သေလိုစိတ်ဖြစ်ပေါ်လာခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့အတူ အသက်ရှူမဝခြင်းတို့ပါ ဖြစ်ပေါ်ပါက စိတ်ပိုင်းဆိုင်ရာဆရာဝန်ထံ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
စိတ္ဖိစီးမႈကို လူတိုင္းလိုလို ႀကဳံေတြ႕ဖူးၾကပါတယ္။ ယာယီစိတ္ဖိစီးတာက က်န္းမာေရးကို ဒုကၡမေပးေပမယ့္ အခ်ိန္ၾကာျမင့္စြာ စိတ္ဖိစီးေနရင္ေတာ့ ကိုယ္ေရာ စိတ္ပါ ထိခိုက္ေျပာင္းလဲမႈေတြ ျဖစ္ေပၚႏိုင္ပါတယ္။
>> ကိုယ္ခႏၶာေျပာင္းလဲမႈမ်ားအေနျဖင့္ -
● ေခါင္းကိုက္ျခင္း
● ႂကြက္သား ေတာင့္တင္းနာက်င္ျခင္း
● ရင္ဘတ္ေအာင့္ျခင္း
● ႏုံးခ်ိျခင္း
● လိင္ဆက္ဆံစဥ္ ေျပာင္းလဲမႈမ်ားႀကဳံေတြ႕ျခင္း
● ဗိုက္နာျခင္း
● အိပ္မေပ်ာ္ျခင္း စသည္တို႔ ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။
>> စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈအေနနဲ႔ကေတာ့ -
● စိုးရိမ္ေသာကမ်ားျခင္း
● ဂဏွာမၿငိမ္ျဖစ္ျခင္း
● တက္ႂကြမႈမရွိျခင္း
● ထိုင္းမႈိင္းေနျခင္း
● စိတ္တိုလြယ္ျခင္း
● ဝမ္းနည္းေနျခင္း
● စိတ္ဓာတ္က်ျခင္း တို႔ကို ႀကဳံေတြ႕ရမွာျဖစ္ၿပီး
>> အမူအက်င့္ဆိုင္ရာေျပာင္းလဲမႈမ်ားအေနျဖင့္ -
● အစားမ်ားျခင္း သို႔မဟုတ္ အစားနည္းျခင္း
● ေဒါသမထိန္းႏိုင္ဘဲ ေပါက္ကြဲျခင္း
● ေဆးလိပ္နဲ႔အရက္မ်ား ေသာက္သုံးျခင္း
● မူးယစ္ေဆးမ်ား ေသာက္သုံးျခင္း
● လူမႈေရးအားနည္းလာျခင္း
● ကိုယ္လက္ေလ့က်င့္ခန္းမ်ား ျပဳလုပ္လိုစိတ္မရွိျခင္း စသည္တို႔ကို ရင္ဆိုင္ရႏိုင္ပါတယ္။
အထက္ပါ လကၡဏာေတြရွိေနၿပီဆိုရင္ေတာ့ သင့္မွာ စိတ္ဖိစီးမႈျမင့္မားေနၿပီ ျဖစ္ပါတယ္။ ဒါဆိုရင္ စိတ္ဖိစီးမႈကို မိမိဘာသာ ဘယ္လိုကုစားမလဲ။
● ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ျပဳလုပ္ပါ။
● ႂကြက္သားမ်ား ေျပေလ်ာ့ေစေသာ အသက္ျပင္းျပင္း႐ွဴျခင္း၊ တရားထိုင္ျခင္း၊ ေယာဂကစားျခင္း စသည္တို႔ကို ျပဳလုပ္ႏိုင္ပါတယ္။
● Vitamin C ႂကြယ္ဝတဲ့ အစားအေသာက္ေတြ စားေပးတာမ်ိဳး၊ Vitamin C ပါဝင္တဲ့အားေဆး (ဥပမာ - Enervon-C) ေတြ မွီဝဲေပးတာမ်ိဳး ပုံမွန္လုပ္ေပးသင့္ပါတယ္။
● မိသားစုနဲ႔သူငယ္ခ်င္းမ်ားကို အခ်ိန္ေပးပါ။
● မိမိဝါသနာပါရာအတြက္ အခ်ိန္ေပးပါ။ ဥပမာ - စာဖတ္ျခင္း၊ တီဗီၾကည့္ျခင္း
>> ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္လဲ?
အထက္ပါ နည္းလမ္းမ်ားအတိုင္း ႀကိဳးစားတာေတာင္မွ စိတ္ဖိစီးမႈသက္သာျခင္း မရွိလွ်င္ေသာ္လည္း ေကာင္း၊ မိမိကိုယ္ကိုသတ္ေသလိုစိတ္ျဖစ္ေပၚလာျခင္း၊ ရင္ဘတ္ေအာင့္ျခင္းနဲ႔အတူ အသက္႐ွဴမဝျခင္းတို႔ပါ ျဖစ္ေပၚပါက စိတ္ပိုင္းဆိုင္ရာဆရာဝန္ထံ ျပသတိုင္ပင္ဖို႔ လိုအပ္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
















