/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုကြောင့်-စိတ်နဲ့ခန္ဓာမှာ-ဘယ်လိုပြောင်းလဲမှုများ

စိတ်ဖိစီးမှုကြောင့် စိတ်နဲ့ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်ဖိစီးမှုကို လူတိုင်းလိုလို ကြုံတွေ့ဖူးကြပါတယ်။ ယာယီစိတ်ဖိစီးတာက ကျန်းမာရေးကို ဒုက္ခမပေးပေမယ့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေရင်တော့ ကိုယ်ရော စိတ်ပါ ထိခိုက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

>>  ကိုယ်ခန္ဓာပြောင်းလဲမှုများအနေဖြင့် -
●  ခေါင်းကိုက်ခြင်း
●  ကြွက်သား တောင့်တင်းနာကျင်ခြင်း
●  ရင်ဘတ်အောင့်ခြင်း
●  နုံးချိခြင်း
●  လိင်ဆက်ဆံစဉ် ပြောင်းလဲမှုများကြုံတွေ့ခြင်း
●  ဗိုက်နာခြင်း
●  အိပ်မပျော်ခြင်း စသည်တို့ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

>>  စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအနေနဲ့ကတော့ -
●  စိုးရိမ်သောကများခြင်း
●  ဂဏှာမငြိမ်ဖြစ်ခြင်း
●  တက်ကြွမှုမရှိခြင်း
●  ထိုင်းမှိုင်းနေခြင်း
●  စိတ်တိုလွယ်ခြင်း
●  ဝမ်းနည်းနေခြင်း
●  စိတ်ဓာတ်ကျခြင်း တို့ကို ကြုံတွေ့ရမှာဖြစ်ပြီး

>>  အမူအကျင့်ဆိုင်ရာပြောင်းလဲမှုများအနေဖြင့် -
●  အစားများခြင်း သို့မဟုတ် အစားနည်းခြင်း
●  ဒေါသမထိန်းနိုင်ဘဲ ပေါက်ကွဲခြင်း
●  ဆေးလိပ်နဲ့အရက်များ သောက်သုံးခြင်း
●  မူးယစ်ဆေးများ သောက်သုံးခြင်း
●  လူမှုရေးအားနည်းလာခြင်း
●  ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်လိုစိတ်မရှိခြင်း စသည်တို့ကို ရင်ဆိုင်ရနိုင်ပါတယ်။

Enervon-C Adult 1

အထက်ပါ လက္ခဏာတွေရှိနေပြီဆိုရင်တော့ သင့်မှာ စိတ်ဖိစီးမှုမြင့်မားနေပြီ ဖြစ်ပါတယ်။ ဒါဆိုရင် စိတ်ဖိစီးမှုကို မိမိဘာသာ ဘယ်လိုကုစားမလဲ။
●  ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
●  ကြွက်သားများ ပြေလျော့စေသော အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း၊ ယောဂကစားခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။
●  Vitamin C ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးတာမျိုး၊ Vitamin C ပါဝင်တဲ့အားဆေး (ဥပမာ - Enervon-C) တွေ မှီဝဲပေးတာမျိုး ပုံမှန်လုပ်ပေးသင့်ပါတယ်။
●  မိသားစုနဲ့သူငယ်ချင်းများကို အချိန်ပေးပါ။
●  မိမိဝါသနာပါရာအတွက် အချိန်ပေးပါ။ ဥပမာ - စာဖတ်ခြင်း၊ တီဗီကြည့်ခြင်း

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်လဲ?
အထက်ပါ နည်းလမ်းများအတိုင်း ကြိုးစားတာတောင်မှ စိတ်ဖိစီးမှုသက်သာခြင်း မရှိလျှင်သော်လည်း ကောင်း၊ မိမိကိုယ်ကိုသတ်သေလိုစိတ်ဖြစ်ပေါ်လာခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့အတူ အသက်ရှူမဝခြင်းတို့ပါ ဖြစ်ပေါ်ပါက စိတ်ပိုင်းဆိုင်ရာဆရာဝန်ထံ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

စိတ္ဖိစီးမႈကို လူတိုင္းလိုလို ႀကဳံေတြ႕ဖူးၾကပါတယ္။ ယာယီစိတ္ဖိစီးတာက က်န္းမာေရးကို ဒုကၡမေပးေပမယ့္ အခ်ိန္ၾကာျမင့္စြာ စိတ္ဖိစီးေနရင္ေတာ့ ကိုယ္ေရာ စိတ္ပါ ထိခိုက္ေျပာင္းလဲမႈေတြ ျဖစ္ေပၚႏိုင္ပါတယ္။

>>  ကိုယ္ခႏၶာေျပာင္းလဲမႈမ်ားအေနျဖင့္ -
●  ေခါင္းကိုက္ျခင္း
●  ႂကြက္သား ေတာင့္တင္းနာက်င္ျခင္း
●  ရင္ဘတ္ေအာင့္ျခင္း
●  ႏုံးခ်ိျခင္း
●  လိင္ဆက္ဆံစဥ္ ေျပာင္းလဲမႈမ်ားႀကဳံေတြ႕ျခင္း
●  ဗိုက္နာျခင္း
●  အိပ္မေပ်ာ္ျခင္း စသည္တို႔ ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။

>>  စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈအေနနဲ႔ကေတာ့ -
●  စိုးရိမ္ေသာကမ်ားျခင္း
●  ဂဏွာမၿငိမ္ျဖစ္ျခင္း
●  တက္ႂကြမႈမရွိျခင္း
●  ထိုင္းမႈိင္းေနျခင္း
●  စိတ္တိုလြယ္ျခင္း
●  ဝမ္းနည္းေနျခင္း
●  စိတ္ဓာတ္က်ျခင္း တို႔ကို ႀကဳံေတြ႕ရမွာျဖစ္ၿပီး

>>  အမူအက်င့္ဆိုင္ရာေျပာင္းလဲမႈမ်ားအေနျဖင့္ -
●  အစားမ်ားျခင္း သို႔မဟုတ္ အစားနည္းျခင္း
●  ေဒါသမထိန္းႏိုင္ဘဲ ေပါက္ကြဲျခင္း
●  ေဆးလိပ္နဲ႔အရက္မ်ား ေသာက္သုံးျခင္း
●  မူးယစ္ေဆးမ်ား ေသာက္သုံးျခင္း
●  လူမႈေရးအားနည္းလာျခင္း
●  ကိုယ္လက္ေလ့က်င့္ခန္းမ်ား ျပဳလုပ္လိုစိတ္မရွိျခင္း စသည္တို႔ကို ရင္ဆိုင္ရႏိုင္ပါတယ္။

အထက္ပါ လကၡဏာေတြရွိေနၿပီဆိုရင္ေတာ့ သင့္မွာ စိတ္ဖိစီးမႈျမင့္မားေနၿပီ ျဖစ္ပါတယ္။ ဒါဆိုရင္ စိတ္ဖိစီးမႈကို မိမိဘာသာ ဘယ္လိုကုစားမလဲ။
●  ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ျပဳလုပ္ပါ။
●  ႂကြက္သားမ်ား ေျပေလ်ာ့ေစေသာ အသက္ျပင္းျပင္း႐ွဴျခင္း၊ တရားထိုင္ျခင္း၊ ေယာဂကစားျခင္း စသည္တို႔ကို ျပဳလုပ္ႏိုင္ပါတယ္။
●  Vitamin C ႂကြယ္ဝတဲ့ အစားအေသာက္ေတြ စားေပးတာမ်ိဳး၊ Vitamin C ပါဝင္တဲ့အားေဆး (ဥပမာ - Enervon-C) ေတြ မွီဝဲေပးတာမ်ိဳး ပုံမွန္လုပ္ေပးသင့္ပါတယ္။
●  မိသားစုနဲ႔သူငယ္ခ်င္းမ်ားကို အခ်ိန္ေပးပါ။
●  မိမိဝါသနာပါရာအတြက္ အခ်ိန္ေပးပါ။ ဥပမာ - စာဖတ္ျခင္း၊ တီဗီၾကည့္ျခင္း

>>  ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္လဲ?
အထက္ပါ နည္းလမ္းမ်ားအတိုင္း ႀကိဳးစားတာေတာင္မွ စိတ္ဖိစီးမႈသက္သာျခင္း မရွိလွ်င္ေသာ္လည္း ေကာင္း၊ မိမိကိုယ္ကိုသတ္ေသလိုစိတ္ျဖစ္ေပၚလာျခင္း၊ ရင္ဘတ္ေအာင့္ျခင္းနဲ႔အတူ အသက္႐ွဴမဝျခင္းတို႔ပါ ျဖစ္ေပၚပါက စိတ္ပိုင္းဆိုင္ရာဆရာဝန္ထံ ျပသတိုင္ပင္ဖို႔ လိုအပ္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)