ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်း
ဆီးချိုရောဂါရှိသူတွေမှာ ပုံမှန်လူတွေထက် လေဖြတ်နိုင်ခြေ ၁.၅ဆပိုများပါတယ်။ ဒါပေမယ့် ဖြစ်နှုန်းနည်းအောင် သေချာဂရုစိုက်ကာကွယ်နိုင်ပါတယ်။
>> လေဖြတ်နိုင်ခြေများကြောင်းဘယ်လိုသိနိုင်မလဲ?
ဆီးချိုရောဂါရှိသူတွေကိုယ်တိုင်မှာ လေဖြတ်နိုင်ခြေများတဲ့အပြင်
• အသက်၅၅နှစ်ကျော်ခြင်း
• အာဖရိကန်၊ အမေရိကန်မျိုးနွယ်ဝင်ဖြစ်ခြင်း
• လေဖြတ်၊လေဖြန်းရောဂါဖြစ်ဖူးခြင်း
• မိသားစုထဲလေဖြတ်၊လေဖြန်းဖြစ်ဖူးခြင်း
• နှလုံးရောဂါရှိခြင်း
• သွေးတိုးရောဂါရှိခြင်း
• အဝလွန်ခြင်း
• မကောင်းတဲ့LDLကိုလက်စထရောများနေပြီး ကောင်းတဲ့HDLကိုလက်စထရောနည်းနေခြင်း
• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
• ဆေးလိပ်သောက်ခြင်း စတာတွေနဲ့တွဲနေရင် ပိုဖြစ်နိုင်ပါတယ်။
ဒီအချက်တွေထဲက တစ်ချို့အချက်တွေကို မပြုပြင်နိုင်ပေမယ့် ဆီးချိုကိုသေချာထိန်းချုပ်ပြီး ပြုပြင်နိုင်တဲ့ အချက်မျိုးဖြစ်တဲ့ ကိုယ်အလေးချိန်လျော့ချခြင်းလိုမျိုးကို ပြင်ဆင်လိုက်ခြင်းဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
Naturally Better 1

>> ဒီတော့ လေဖြတ်နှုန်းကို ဘယ်လိုလျော့ချမလဲ?
ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားခြငး်၊ လိုအပ်ရင်ဆေးသောက်ခြင်း၊ ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ်ဖြတ်ခြင်း စတဲ့အချက်လေးတွေပြုပြင်ပြောင်းလဲလုပ်ဆောင်ရုံနဲ့ သွေးအချိုဓာတ်၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောဓာတ်တွေကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းထားနိုင်ပါတယ်။ ဒီလိုထိန်းထားနိုင်လေလေ၊ လေဖြတ်ခြင်းကို ကာကွယ်နိုင်လေလေဖြစ်ပါတယ်။
Naturally Better 2

>> လေဖြတ်ခြင်းရဲ့သတိပေးလက္ခဏာများ
လေဖြတ်တဲ့အခါ အောက်ပါလက္ခဏာတွေ ရုတ်တရက်ဖြစ်လာနိုင်ပါတယ်။
• ကိုယ်တစ်ခြမ်းထုံနေခြင်း၊ အားနည်းနေခြင်း
• နဝေတိမ်တောင်ဖြစ်နေခြင်း
• စကားမပြောနိုင်ခြင်း
• မူးဝေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ လမ်းမလောျက်နိုင်ခြင်း
• မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမမြင်ရခြင်း
• နှစ်ထပ်မြင်ခြင်း
• ခေါင်းအလွန်ကိုက်ခြင်း
အထက်ပါလက္ခဏာတွေ ရုတ်တရက်ဖြစ်လာပါက ဆေးရုံကို ချက်ချင်းပို့ပါ။ လေဖြတ်တာနဲ့ချက်ချငး်ကုသမှုမခံယူပါက ဦးနှောက်လုံးဝထိခိုက်သွားနိုင်ပါတယ်။
ဒါ့ကြောင့် လေဖြတ်ခြင်းရဲ့လက္ခဏာရပ်တွေကို မိသားစုဝင်တွေကိုလည်း ပြောပြထားပါ။
ဦးနှောက်သွေးကြော ယာယီမျှသာပြတ်တောက်သွားတဲ့အခါ လေဖြန်းခြင်းရဲ့ လက္ခဏာရပ်တွေဖြစ်လာနိုင်ပါတယ်။ လေဖြန်းသူတွေဟာလည်း နောက်ပိုင်းလေဖြတ်နိုင်ခြေ ပိုများပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















