ဆီးချိုရှိနေရင် အလုပ်မှာ အဆင်ပြေပါ့မလား
ဆီးချိုသွေးချိုရောဂါရှင်တွေဟာ အောက်ပါအချက်လေးတွေ လိုက်နာရင်း အလုပ်မှာ အန္တရာယ် ကင်းကင်းနေနိုင်ပါတယ်နော်။
● အိမ်က မထွက်ခင် မနက်စာ စားဖြစ်အောင် စားသွားပါ။ ရေတစ်ခွက် အဝသောက်ပါ။
● တစ်နေကုန်ကြာတဲ့ အစည်းအဝေးတွေမှာ သွေးတွင်းအချိုဓာတ် မကျအောင် မုန့်စားခွင့် ပြုဖို့ မိမိသူဌေးကို ပြောပြ အကူအညီ တောင်းထားပါ။
● မိမိအလုပ်ဌာနက လူ ၁-၂ ယောက်ကတော့ မိမိရောဂါအခြေအနေကို အစအဆုံး သိထားသင့်ပါတယ်။ ဒါမှ လိုအပ်ရင် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
● မွေးနေ့တွေ တွေ့ဆုံပွဲတွေမှာ အချိုမစားမိဖို့ စိတ်ထိန်းပါ။ မိမိကိုယ်ပိုင် အချိုပေါ့မုန့်လေးတွေ ဆောင်ထားပါ။
● ကြားကာလမှာ အသီးစားပါ။ မုန့်စားပါ။ ဒိန်ချဉ်သောက်ပါ။ ဆေး သူ့အချိန်နဲ့သူ သောက်နိုင်အောင်ပါ။
● အလုပ်စားပွဲမှာ အကြာကြီး ငြိမ်မထိုင်ပါနဲ့။ မကြာခဏ ထပြီး လမ်းလျှောက်ပါ။
● အရေးပေါ်အခြေအနေတွေမှာ သုံးဖို့အတွက် အိတ်ထဲမှာ ဆီးချိုဖောက်စက် ဆောင်ထားပါ။ သွေးတွင်းအချိုကျတာနဲ့ မိမိလုပ်ဖော်ကို်င်ဖက်ကို အသိပေးပြီး အချိုရည် သောက်ပါ။ ဆေးခန်း ပြသပါ။
● ပုံမှန် ဆေးခန်းပြသ ဆွေးနွေးပါ။ ဆေးအချိန်အဆ အတိုးအလျှော့တွေကို တိုင်ပင်ပါ။
● မကြာခဏ ဖုန်းဆက်တွေ့ဆုံလို့ရမယ့် ဘဝတူ ဆီးချိုရှိသူ တစ်ယောက်နဲ့ ဆီးချိုအကြောင်း ဆွေးနွေးပါ။ ဗဟုသုတ ဖလှယ်ပါ။
● အလုပ်မှာ စိတ်ဖိစီးရင် တခြားနည်းနဲ့ ဖြေဖျောက်ပါ။ ဖြေရှင်းနည်း ရှာပါ။ စိတ်ထွက်ထွက်နဲ့ အလွယ်တကူ မစားလိုက်ပါနဲ့။ စိတ်ညစ်စရာရှိရင် ရင်ဖွင့်ပြောပြပါ။ မိမိဘာသာ ကျိတ်ပြီး မခံစားပါနဲ့။ စိတ်ဖိစီးလေ အစား မထိန်းနိုင်လေ ဆီးချိုတက်လေပါပဲ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
















