ဆီးချိုသွေးချိုရှိသူတို့ရဲ့ နေ့စဉ်ဘဝအတွက် အကြံပြုချက်များ
နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ၊ ကျောက်ကပ်ပျက်တာ စတာတွေကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းက ဆီးချိုသွေးချိုရောဂါပါ။ ဆီးချိုသွေးချိုရောဂါဟာ အမြစ်ပြတ်အောင် ကုသလို့မရပေမယ့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရပါတယ်။ နေထိုင်စားသောက်ပုံကို ပြောင်းလဲလိုက်ရုံနဲ့ပေါ့။ ရှိနေခဲ့ရင် ပိုမဆိုးအောင် ထိန်းထားလို့ ရပါတယ်။
>> ဆီးချိုသွေးချိုရှိနေရင် ဘာတွေစားရမလဲ?
အရေးကြီးတဲ့အချက်က တစ်ခါတည်း အများကြီး မစားဖို့ပါပဲ။ နည်းနည်းစီစားပါ။ အစာအုပ်စု ၃ စုလုံးကို မျှတစွာစားပါ။ အဓိက,ကတော့ အောက်ပါအစားအစာများကို သင့်တင့်မျှတစွာ စားသောက်ဖို့ပါပဲ။
** အသီးအရွက်တွေ
● ကစီဓာတ်မပါတဲ့ အသီးအရွက်တွေဖြစ်တဲ့ - ဂေါ်ဖီစိမ်း၊ မုန်လာဥ၊ ငရုတ်ပွ၊ အစိမ်းရောင်ရှိတဲ့အရွက်တွေ၊ ခရမ်းချဉ်သီး
● ကစီဓာတ်ပါတဲ့ - အာလူး၊ ပြောင်းဖူး၊ ပဲစိမ်း
** အသီးအနှံ
● လိမ္မော်သီး၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်သီး
● ဂျုံ၊ ထမင်း၊ အုတ်
** အသားဓာတ်
● အဆီမပါတဲ့အသား
● အရေခွံမပါတဲ့ ကြက်သား
● ငါး
● ဥအမျိုးမျိုး
● ပဲစိမ်း၊ ပဲနီလေး၊ ပဲဝါလေး
** နို့နဲ့ နို့ထွက်ပစ္စည်း (အဆီထုတ်ထားတာ ဒါမှမဟုတ် အဆီမပါတဲ့)
● နို့
● ဒိန်ချဉ်
● ချိစ့် စတာတွေကို စားနိုင်ပါတယ်။
Diabetone 1
>> နှလုံးအတွက်ကောင်းတဲ့ အဆီပါတဲ့အစားအစာတွေကို အဓိကထား စားပါ။
● သံလွင်ဆီ
● အစေ့အဆံတွေ
● တူနာ၊ ဆယ်လ်မွန်
● ထောပတ်သီး
>> ဆီးချိုသွေးချိုသမားတွေနဲ့ မသင့်တော်တဲ့ အစားအစာတွေကတော့ -
● ဆီကြော်တွေ၊ အဆီများတဲ့ အစားအစာတွေ
● ဆားများတဲ့ အစားအစာတွေ
● အချိုတွေ၊ ကိတ်မုန့်တွေ၊ သကြားလုံး၊ ရေခဲမုန့်တွေ
● အချိုရည်တွေ၊ soda တွေ၊ အားဖြည့်အချိုရည်တွေ ဖြစ်ပါတယ်။
>> ရေကိုပဲ အဓိကသောက်ပါ။ ရေဆာရင် ရေသောက်ပါ။ အချိုရည် ရှောင်ဖို့ လိုပါတယ်။
Diabetone 2
>> ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက -
● သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတယ်။
● သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။
● သွေးလည်ပတ်မှုကို ကောင်းစေတယ်။
● မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးတယ်။
● စိတ်ကို ကြည်လင်စေတယ်။
● လူကြီးတွေမှာ မှတ်ဉာဏ်ကို တိုးတက်စေပြီး မတော်တဆ ဖြစ်တာကိုလည်း ကာကွယ်ပေးတယ်။
● အိပ်လို့ကောင်းစေပါတယ်
>> ဘယ်လို အားကစားမျိုး လုပ်သင့်လဲ?
● ဆရာဝန်နဲ့ တိုင်ပင်ပါ။ တော်တော်များများကတော့ လမ်းလျှောက်ကြပါတယ်။
● အခုမှ စလုပ်တာဆို ဖြည်ဖြည်းချင်းစပါ။ တစ်နေ့ကို ၅-၁၀ မိနစ်လောက်ကနေစပြီး ဖြည်းဖြည်းချင်း တိုးသွားပါ။
● အိမ်အလုပ်တွေ၊ ပန်းခြံအလုပ်တွေ၊ ကားဆေးတာ၊ အိမ်ရှင်းတာ စတာတွေ လုပ်ပါ။
● ဓာတ်လှေကားအစား လှေကားကို သုံးပါ။
Dr. Htar (www.drmyanmar.com)
















