/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုသွေးချိုရှိသူတို့ရဲ့-နေ့စဉ်ဘဝအတွက်-အကြံပြုချက်များ

ဆီးချိုသွေးချိုရှိသူတို့ရဲ့ နေ့စဉ်ဘဝအတွက် အကြံပြုချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ၊ ကျောက်ကပ်ပျက်တာ စတာတွေကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းက ဆီးချိုသွေးချိုရောဂါပါ။ ဆီးချိုသွေးချိုရောဂါဟာ အမြစ်ပြတ်အောင် ကုသလို့မရပေမယ့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရပါတယ်။ နေထိုင်စားသောက်ပုံကို ပြောင်းလဲလိုက်ရုံနဲ့ပေါ့။ ရှိနေခဲ့ရင် ပိုမဆိုးအောင် ထိန်းထားလို့ ရပါတယ်။

>>  ဆီးချိုသွေးချိုရှိနေရင် ဘာတွေစားရမလဲ?
အရေးကြီးတဲ့အချက်က တစ်ခါတည်း အများကြီး မစားဖို့ပါပဲ။ နည်းနည်းစီစားပါ။ အစာအုပ်စု ၃ စုလုံးကို မျှတစွာစားပါ။ အဓိက,ကတော့ အောက်ပါအစားအစာများကို သင့်တင့်မျှတစွာ စားသောက်ဖို့ပါပဲ။

**  အသီးအရွက်တွေ
●  ကစီဓာတ်မပါတဲ့ အသီးအရွက်တွေဖြစ်တဲ့ - ဂေါ်ဖီစိမ်း၊ မုန်လာဥ၊ ငရုတ်ပွ၊ အစိမ်းရောင်ရှိတဲ့အရွက်တွေ၊ ခရမ်းချဉ်သီး
●  ကစီဓာတ်ပါတဲ့ - အာလူး၊ ပြောင်းဖူး၊ ပဲစိမ်း

**  အသီးအနှံ
●  လိမ္မော်သီး၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်သီး
●  ဂျုံ၊ ထမင်း၊ အုတ်

**  အသားဓာတ်
●  အဆီမပါတဲ့အသား
●  အရေခွံမပါတဲ့ ကြက်သား
●  ငါး
●  ဥအမျိုးမျိုး
●  ပဲစိမ်း၊ ပဲနီလေး၊ ပဲဝါလေး

**  နို့နဲ့ နို့ထွက်ပစ္စည်း (အဆီထုတ်ထားတာ ဒါမှမဟုတ် အဆီမပါတဲ့)
●  နို့
●  ဒိန်ချဉ်
●  ချိစ့် စတာတွေကို စားနိုင်ပါတယ်။

Diabetone 1

>>  နှလုံးအတွက်ကောင်းတဲ့ အဆီပါတဲ့အစားအစာတွေကို အဓိကထား စားပါ။
●  သံလွင်ဆီ
●  အစေ့အဆံတွေ
●  တူနာ၊ ဆယ်လ်မွန်
●  ထောပတ်သီး

>>  ဆီးချိုသွေးချိုသမားတွေနဲ့ မသင့်တော်တဲ့ အစားအစာတွေကတော့ -
●  ဆီကြော်တွေ၊ အဆီများတဲ့ အစားအစာတွေ
●  ဆားများတဲ့ အစားအစာတွေ
●  အချိုတွေ၊ ကိတ်မုန့်တွေ၊ သကြားလုံး၊ ရေခဲမုန့်တွေ
●  အချိုရည်တွေ၊ soda တွေ၊ အားဖြည့်အချိုရည်တွေ ဖြစ်ပါတယ်။

>>  ရေကိုပဲ အဓိကသောက်ပါ။ ရေဆာရင် ရေသောက်ပါ။ အချိုရည် ရှောင်ဖို့ လိုပါတယ်။

Diabetone 2

>>  ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက -
●  သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတယ်။
●  သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။
●  သွေးလည်ပတ်မှုကို ကောင်းစေတယ်။
●  မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးတယ်။
●  စိတ်ကို ကြည်လင်စေတယ်။
●  လူကြီးတွေမှာ မှတ်ဉာဏ်ကို တိုးတက်စေပြီး မတော်တဆ ဖြစ်တာကိုလည်း ကာကွယ်ပေးတယ်။
●  အိပ်လို့ကောင်းစေပါတယ်

>>  ဘယ်လို အားကစားမျိုး လုပ်သင့်လဲ?
●  ဆရာဝန်နဲ့ တိုင်ပင်ပါ။ တော်တော်များများကတော့ လမ်းလျှောက်ကြပါတယ်။
●  အခုမှ စလုပ်တာဆို ဖြည်ဖြည်းချင်းစပါ။ တစ်နေ့ကို ၅-၁၀ မိနစ်လောက်ကနေစပြီး ဖြည်းဖြည်းချင်း တိုးသွားပါ။
●  အိမ်အလုပ်တွေ၊ ပန်းခြံအလုပ်တွေ၊ ကားဆေးတာ၊ အိမ်ရှင်းတာ စတာတွေ လုပ်ပါ။
●  ဓာတ်လှေကားအစား လှေကားကို သုံးပါ။

Dr. Htar (www.drmyanmar.com)