ရာသီဥတုအေးခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်း ဆက်စပ်မှုရှိသလား?
မိုးရွာတဲ့နေ့တွေ၊ နှင်းကျတဲ့နေ့တွေဆိုရင် လူအများစုက အဆစ်တွေကိုက်လိုက်တာဆိုပြီး ညည်းတွားတတ်ကြပါတယ်။ အဆစ်တွေ ကိုက်ခဲနာကျင်တာဟာ ရာသီဥတုနဲ့ တကယ်ပဲ သက်ဆိုင်သလား။ တကယ်ပဲ အေးတဲ့နေ့တွေမှာ အဆစ်တွေ ပိုကိုက်လေ့ရှိတာလား။
လေ့လာချက်တွေအရတော့ ရာသီဥတုအေးခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းဟာ ဆက်စပ်မှုရှိပါတယ်။ ရာသီဥတုအေးတဲ့အခါ အဆစ်အမြစ်တွေ ပိုပြီးကိုက်ခဲရတာ အောက်ပါအချက် (၃) ချက်ကြောင့် ဖြစ်ရတာပါ။
Jointace 1
၁။ လေထုဖိအားကျဆင်းခြင်း
လေထုဖိအား ကျဆင်းတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့တစ်သျှူးတွေက အနည်းငယ် ပွလာတတ်ပါတယ်။ အဲ့ဒီအခါ အဆစ်တွေပေါ်မှာ ဖိအားသက်ရောက်မှုပိုများတာကြောင့် အဆစ်တွေပိုကိုက်ရတာပါ။
၂။ အပူချိန်လျော့နည်းလာခြင်း
ပတ်ဝန်းကျင်အပူချိန် ကျဆင်းလာတဲ့အခါ အဆစ်ဘေးမှာရှိတဲ့ ကြွက်သားတွေ၊ တစ်သျှူးတွေဟာ တောင့်တင်းလာတတ်ပါတယ်။ ဒါကြောင့် လှုပ်ရှားရခက်ပြီး အဆစ်တွေ ပိုကိုက်ရခြင်း ဖြစ်ပါတယ်။
၃။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ဆောင်းတွင်းဆို လူအများစုက အိပ်ရာထဲမှာပဲ ကွေးနေရတာကို ပိုသဘောကျကြပါတယ်။ ဒီတော့ လှုပ်ရှားမှုနည်းတော့ အဆစ်တွေတောင့်တင်းပြီး ပိုကိုက်ခဲရတာပါ။
Jointace 2
ဒီအချက် (၃) ချက်ကြောင့် ရာသီဥတုအေးတဲ့အခါ အဆစ်အမြစ်တွေ ပိုပြီးကိုက်ခဲရတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အဆစ်ရောင်ရောဂါရှိသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုလို ဆောင်းတွင်းမှာ အဆစ်အမြစ်ကိုက်ခဲတာတွေ သက်သာစေဖို့အတွက် နွေးနွေးထွေးထွေးနေပါ။ လိုအပ်ပါက လက်အိတ်၊ ခြေအိတ်၊ အနွေးထည်တို့ ဝတ်ဆင်ပေးပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ရေများများသောက်ပါ။ ရေနွေးနဲ့ ရေချိုးပါ။ အဆစ်အမြစ်ကိုက်တဲ့နေရာကို ရေနွေးအိတ်ကပ်တာမျိုး ပြုလုပ်ပေးပါ။






























