/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တင်ပါးတွင်ဝက်ခြံပေါက်ခြင်း

တင်ပါးတွင်ဝက်ခြံပေါက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         တင်ပါးမှာပေါက်တဲ့ဝက်ခြံတွေက မျက်နှာမှာပေါက်တာတွေနဲ့မတူပါဘူး။ မျက်နှာမှာလိုမျိုးချေွးပေါက်ပိတ်ပြီးပေါက်တာမဟုတ်ဘဲ မွေးညင်းပေါက်လေးတွေပိတ်ပြီးဖြစ်လာခြင်းဖြစ်ပါတယ်။ အမွေးရိတ်တဲ့အခါ (သို့) ပွတ်တိုက်မိတဲ့အခါမှာ မွေးညင်းပေါက်လေးတွေကိုထိခိုက်မိကာ ရောဂါပိုးဝင်ပြီး ပေါင်ခြံနဲ့တင်ပါးပေါ်မှာ အနီဖုလေးတွေထွက်လာပြီးနာပါတယ်။ ဒါတွေက ယားယံပြီး ထိပ်ခေါင်းလေးတွေက ဖြူနေတတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)