/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တီဘီရောဂါနှင့်-ဆေးယဉ်ပါးတီဘီရောဂါကို-အခမဲ့ကုသပေးလျက်ရှိ-world-tb

တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါကို အခမဲ့ကုသပေးလျက်ရှိ (World TB Day)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦ တီဘီရောဂါသည် အဆုတ်ကိုအဓိကထိခိုက်သော၊ လေမှတဆင့်ကူးစက်သော  ပြင်းထန်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပါတယ်။
 
♦ တီဘီရောဂါသည် ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရောဂါပိုးရှိ သူက နှာချေခြင်း၊ ချောင်းဆိုးခြင်း တို့ဖြင့်လေထဲသို့ရောက်ရှိသွားပြီး ထိုမှတဆင့် အခြားလူများသို့ ကူးစက်သွားခြင်းဖြစ်ပါတယ်။
 
♦ တီဘီရောဂါဟာ အဆုတ်မှာအဖြစ်များပြီး ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင် ပါတယ်။
 
♦ တီဘီရောဂါရဲ့လက္ခဏာတွေကတော့

-       2 ပတ်ထက်ကျော်၍ ချောင်းဆိုးခြင်း၊ အသက်ရှုလျှင်၊ ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း
-       ချောင်းဆိုးလျှင် သွေးပါခြင်း
-       အလေးချိန်ကျဆင်းခြင်း၊ အစားမစားလိုခြင်း
-       ညနေဘက်တွင် တငွေ့ငွေ့ဖျားခြင်း၊ အလွန်အမင်းချေွးပြန်ခြင်း၊ ချမ်းတုန်ခြင်း တို့ ဖြစ်ပါတယ်။ အထက်ပါလက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက မိမိမြို့နယ်ရှိ မြို့နယ်ကျန်းမာရေးဌာနသို့သွားရောက်၍ ချက်ချင်း စစ်ဆေးသင့်ပါတယ်။
 
♦ အောက်ပါလူပုဂ္ဂိုလ်များတွင် တီဘီရောဂါရှိ၊ မရှိကြိုတင်စစ်ဆေးသင့်ပါတယ်။
-       HIV/AIDS ရောဂါေ၀ဒနာရှင်များ
-       မူးယစ်ဆေးဝါးသုံးစွဲသူများ
-       တီဘီရောဂါရှိသူနှင့် ထိတွေ့မှုရှိသူများ
-       ကျန်းမာရေး၀န်ထမ်းများ
 
♦ တီဘီရောဂါဟာ ကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ကြီးပါတယ်။ အဆုတ်ထိခိုက်ခြင်းအပြင် အာရုံကြောမကြီးနာကျင်ခြင်း၊ အရိုးအဆစ်များပျက်ဆီးခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အသဲနှင့် ကျောက်ကပ် ထိခိုက်ခြင်းနှင့် နှလုံးထိခိုက်ခြင်းတို့ အထိ ဖြစ်သွားနိုင်ပါတယ်။
 
♦ တီဘီရောဂါဟာ အန္တရာယ်ကြီးပေမယ့် တီဘီဆေးကို အနည်းဆုံး 6 လလောက် တိတိကျကျ သောက်သုံးရင် အရှင်းပျောက်ကင်းနိုင်ပါတယ်။  သောက်သုံးရမည့် ဆေးဝါးနှင့်သောက်သုံးရမည့် အချိန်ကာလအတိအကျတို့မှာ အသက်၊ အထွေထွေကျန်းမာရေး၊ ဆေးယဉ်ပါးမှု၊ တီဘီရောဂါအမျိုးအစား၊ ကူးစက်ခံရသော အင်္ဂါတို့ပေါ်မူတည်၍ တွက်ချက်ပြီးသောက်သုံးရမှာဖြစ်ပါတယ်။
 
♦ ေ၀ဒနာရှင်များသည် ဆေဝါးများကို မှန်မှန်မသောက်သုံးခြင်း၊ မိမိသဘောဖြင့် ဆေးသောက်သုံးခြင်းကို ရပ်တန့်ပစ်ခြင်းတို့ကြောင့် ဆေးယဉ်ပါးတီဘီရောဂါဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်သွားရင် ပျောက်ကင်းဖို့ လ 20 ကြာ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံတွင် ဆေးယဉ်ပါးတီဘီရောဂါကို ခေတ်မီစက်ကိရိယာများဖြင့် ရှာဖွေစစ်ဆေးပေးနေပြီ ဖြစ်ပါတယ်။
 
♦ ဒါ့အပြင် မြို့နယ်ကျန်းမာရေးဌာနများမှာ တီဘီနဲ့ ဆေးယဉ်ပါးတီဘီရောဂါတွေကို အခမဲ့ ကုသပေးလျက် ရှိပါတယ်။
 
♦ တီဘီရောဂါခံစားနေရသူဟာ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ကောက်နှံတစ်ခုလုံးပါ၀င်သော အစားအစာများ၊ အရောင်တောက်ပသော သစ်သီးများ၊ ပရိုတင်း၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ဗီတာမင်ဓါတ်ကြွယ်၀သောအစားအစာတွေကို ဂရုစိုက်ပြီး စားသုံးပေးသင့်ပါတယ်။
 
♦ တီဘီရောဂါေ၀ဒနာရှင်များအနေနဲ့ အောက်ပါအစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
-       အဆီများသောအစားအစာများ
-       စားအုံးဆီကို အသုံးပြုထားသော အစားအသောက်များ
-       အလွန်အမင်းသန့်စင်ထားတဲ့သကြားနှင့် ဂျုံများပါ၀င်သည့်အစားအစာများ
-       ကဖင်းဓါတ်ပါသောအရည်နှင့် အရက်   

♦ အောက်တွင် မြန်မာနိုင်ငံကျန်းမာရေး၀န်ကြီးဌာနနှင့် 3 MDG တို့မှ ပူးပေါင်းတင်ဆက်သည့် အသိပညာပေး ဗွီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

 

Dr. MW + Dr. HHA

www.drmyanmar.com