/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တရုတ်နိုင်ငံမှ-စမ်းသပ်ဖော်ထုတ်ထားတဲ့-ကိုဗစ်ကာကွယ်ဆေးက-ရက်သတ္တပတ်-၄

တရုတ်နိုင်ငံမှ စမ်းသပ်ဖော်ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးက ရက်သတ္တပတ် (၄) ပတ်အတွင်းမှာတင် ကိုယ်ခံအားကိုရရှိစေနိုင်ကြောင်း သုတေသနပညာရှင်များ ပြောကြား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မကြာမီရက်များအတွင်းက အမေရိကန်နိုင်ငံနှင့်ရုရှားနိုင်ငံမှ ဆေး Company ကြီးများ စမ်းသပ်ဖော်ထုတ်ထားသော ကိုဗစ်ကာကွယ်ဆေးတွေဟာ နောက်ဆုံးအဆင့် စမ်းသပ်စစ်ဆေးချက်တွေအရ ၉၀ ရာနှုန်းကျော်လောက် အစွမ်းထက်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ကြပါတယ်။
အလားတူပဲ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ရှိ ဆေး Company ကြီးတစ်ခုဖြစ်တဲ့ Sinovac Biotech ကလည်း CoronaVac အမည်ရှိ ကာကွယ်ဆေးကို စမ်းသပ်ထုတ်ဖော်လျက်ရှိရာတွင် ကိုယ်ခံအားကို လျင်မြန်စွာ ပေးနိုင်တာ တွေ့ရပါတယ်။ သို့သော် ကာကွယ်ဆေးကြောင့်ရရှိတဲ့ antibodies တွေဟာ ရောဂါကူးစက်ခံရပြီးသူ တစ်ယောက်ဆီမှာ တွေ့ရတဲ့ antibodies တွေထက်စာရင် နည်းပါးကြောင်း တွေ့ရှိရပါတယ်။
●  တရုတ်နိုင်ငံအတွင်းမှ CoronaVac အပါအဝင် အခြားကာကွယ်ဆေး (၄) မျိုးဟာတော့ ကိုဗစ်ကို ကာကွယ်ရာတွင် ဘယ်လောက်အစွမ်းထက်နိုင်မလဲဆိုတာကို သိရှိဖို့ နောက်ဆုံးအဆင့် စမ်းသပ်ချက်တွေ ပြုလုပ်လျက်ရှိနေပါတယ်။
●  ကနဦးနှင့် ဒုတိယစမ်းသပ်ချက်တွေဟာ ကာကွယ်ဆေးရဲ့ အစွမ်းထက်မှုကို စစ်ဆေးခဲ့ခြင်း မဟုတ်ပေမယ့်လို့ အဆိုပါ ကာကွယ်ဆေးတွေဟာ လုံလောက်သောကာကွယ်မှုကို ပေးနိုင်မှာဖြစ်ကြောင်း တရုတ်နိုင်ငံရှိ သုတေသနပညာရှင်တွေက ဆိုကြပါတယ်။
●  တရုတ်နိုင်ငံထုတ် CoronaVac ကာကွယ်ဆေးဟာ ပထမအကြိမ်ထိုးပြီးနောက် ၁၄ မြောက်ရက်မှာ ဒုတိယအကြိမ်မြောက် ထိုးပြီးပြီဆိုတာနှင့် ၄ ပတ်အတွင်းမှာ ကိုယ်ခံအားကို ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ဒီကိုဗစ်ကာလမှာ အရေးပေါ်ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်မယ်လို့ ယုံကြည်ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။
●  CoronaVac ဟာ တရုတ်နိုင်ငံမှာ အရေးပေါ်အခြေအနေအတွက် အသုံးပြုနိုင်ဖို့ရာ လူထောင်ပေါင်းများစွာနှင့် စမ်းသပ်နေသော ကာကွယ်ဆေး (၃) မျိုးအနက် တစ်မျိုး ဖြစ်ပါတယ်။ ဒီ CoronaVac ကို စမ်းသပ်ရာတွင် ပါဝင်သော သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Zeng ကတော့ ဒီကာကွယ်ဆေးဟာ သင့်တော်ကောင်းမွန်တဲ့ ကာကွယ်ဆေးတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ဒီဆေးကို သာမန်ရေခဲသေတ္တာအပူချိန်ဖြစ်တဲ့ 36°-46°F အတွင်းမှာသာ သိုလှောင်နိုင်ပြီး သုံးနှစ်လောက်ထိ ကြာရှည်ခံနိုင်လို့ပဲ ဖြစ်ပါတယ်။
ဒီအချက်က ရေခဲသေတ္တာသုံးဖို့ အဆင်မပြေတဲ့နေရာဒေသတွေအတွက် ဦးစားပေးရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
●  CoronaVac ရဲ့ ယုံကြည်စိတ်ချရမှုဟာ လူပေါင်းများစွာရဲ့ လက်ခံနိုင်ဖွယ်အချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ CoronaVacနှင့် လက်တွဲဆောင်ရွက်နေတဲ့ Brazil နိုင်ငံ Butantan Institue Biomedical Centre မှ ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
●  လတ်တလောမှာ CoronaVac vaccine အနေနှင့် အင်ဒိုနီးရှား၊ ဘရာဇီးနှင့် တူရကီနိုင်ငံများတွင် တတိယအဆင့် စမ်းသပ်ချက်များ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)