ထမင်းစားပြီးပြီးချင်း မပြုလုပ်သင့်သော အလေ့အထများ
1. ဆေးလိပ်သောက်ခြင်း
ထမင်းစားပြီးနောက် ဆေးလိပ်တစ်လိပ်သောက်ခြင်းဟာ ဆေးလိပ် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပါတယ်။ ဒါကြောင့် ကင်ဆာဖြစ််နိုင်ခြေအခွင့်အလမ်း ပိုများစေပါတယ်။
2. သစ်သီးစားခြင်း
ထမင်းစားပြီးနောက် ချက်ချင်းသစ်သီးစားလိုက်ခြင်းကြောင့် ဗိုက်ထဲမှာလေတွေနဲ့ဖောင်းပွစေနိုင် ပါတယ်။ ဒါကြောင့် ထမင်းစားပြီး 1-2 နာရီအကြာမှ သစ်သီးစားခြင်း (သို့) ထမင်းမစားခင် 1 နာရီအလိုမှာ သစ်သီးစားခြင်းကိုသာ လုပ်ဆောင်သင့်ပါတယ်။
3. လက်ဖက်ရည်သောက်ခြင်း
လက်ဖက်ရည်ပြုလုပ်တဲ့ လက်ဖက်ရွက်မှာ အက်ဆစ်ဓာတ်ပါ၀င်မှုမြင့်မားပါတယ်။ ယင်းဒြပ်ပေါင်းကြောင့် စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းပါ၀င်မှုများစေပြီး အစာချေဖျက်ခြင်းကိုခက်ခဲစေနိုင်ပါတယ်။
4. ရေချိုးခြင်း
ထမင်းစားပြီးနောက် ချက်ချင်းရေချိုးခြင်းဟာ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ် တစ်လျှောက် သွေးစီးဆင်းနှုန်းများစေပြီး အစာအိမ်နားတစ်၀ိုက် သွေးစီးဆင်းမှုလျော့နည်းစေပါတယ်။ ဒါကြောင့်အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အားနည်းစေပါတယ်။
5. လမ်းလျှောက်ခြင်း
ထမင်းစားပြီးနောက် ခြေလှမ်းပေါင်းရာကျော် လမ်းလျှောက်ပေးပါက အသက် 99 နှစ်ထိတိုင် အသက်ရှည်ရှည်နေနိုင်တယ်လို့ လူအများစုပြောတာကိုကြားဖူးကြမှာပါ။ ဒါပေမယ့်လမ်းလျှောက်ခြင်းကြောင့် စားလိုက်တဲ့အစားအစာမှ အာဟာရတွေကို အစာအိမ်မှစုပ်ယူနိုင်စွမ်း လျော့ကျစေနိုင်ပါတယ်။
6. အိပ်စက်ခြင်း
ထမင်းစားပြီးနောက် ချက်ချင်းအိပ်လိုက်ခြင်းကြောင့် အစာချေဖျက်နိုင်စွမ်းလျော့ကျစေပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်း၊ အူလမ်းကြောင်းပိုး၀င်ခြင်းများ ဖြစ်စေနိုင်ပါတယ်။
7. ခါးပတ်လျောြ့ခင်း
ထမင်းစားပြီးနောက် ခါးပတ်လျော့ရခြင်းဟာ သင်စားတာများသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့် ထမင်းစားပြီးချိန်မှာ ခန္ဓာကိုယ်ကိုမတ်မတ်ထားသင့်ပါတယ်။
Mg Hlaing Thwin















