ထူးဆန်းသော လူသေမှု
သာယာတဲ့ ညနေခင်း တစ်ခုမှာ အရေးပေါ် ဆရာဝန် ခေါင်းကိုက်စရာ တစ်ခုနဲ့ ကြုံခဲ့ဖူးပါတယ်
နယ်မြို့လေးကနေ လာပြတဲ့ လူနာတစ်ယောက် ...
အသက် ၃၅ ခန့် သန်မာတဲ့ လူရွယ်တစ်ယောက်...
တစ်သက်လုံး ဘာရောဂါမှ မဖြစ်ဖူးသူ မှာ နေ့လည် ၁၁ နာရီ ခန့်က သွေးတစ်ကြိမ် အန်သည်
ဆေးရုံသို့ ခေါ်လာရာ မြို့အဝင်တွင် သွေးတစ်ကြိမ် ထပ်အန်ပြီး ခေါင်းငိုက်စိုက်ကျသွားသည်တဲ့
ကျန်တာ ဘာမှ မေးမရ
မေးဖို့လဲ အချိန်မရှိ
လူ့အသက်ကယ်ဖို့ အပြေးအလွှား ဝိုင်းဝန်းကြိုးစားကြသော်လည်း လူနာကို လက်လွှတ်ခဲ့ရပါတယ်
စိတ်မော လူမော နဲ့ ဆရာဝန်မှာ ထပ်ဆင့် ခေါင်းကိုက်ရပါတော့တယ်
လူနာ ဘာလို့သေသလဲ ဆိုတာ မပြောနိုင်
မေးမြန်းသမျှ သွေးအန်စရာ ဘာရောဂါမှမရှိ
အိမ်သားတွေက လက်မခံနိုင်
နောက်ဆုံး ရင်ခွဲ စစ်ဆေးဖို့ ပြင်ဆင်ရပါတော့တယ်
သွေးအန်ထားတော့ ဗိုက်ကို စဖွင့်ချိန်မှာ တင်းကားဖောင်းနေတဲ့ အစာအိမ်
အစာအိမ်ကို ဖွင့်တော့ သွေးတွေ ဆိုတာ မြင်မကောင်း
သွေးညှီနံ့ ဖြင့် ဆရာဝန်တောင် မူးချင်ချင်
ကိုယ်မူးသွားရင် ဆက်ကြည့်မယ့်သူ မရှိဘူးဆိုတော့ အားတင်းကြည့်ရတာပေါ့လေ
ဒီသွေးတွေ ဘယ်က ထွက်နေပါလိမ့် ???
အစာအိမ်က အကောင်း ဆိုတော့
ရင်ပတ်ဖွင့်ကြည့်တဲ့အခါ အဆုတ် နှလုံးအကောင်း အိုကေ
ဒါဖြင့် ဒီသွေးက ဘယ်က ထွက်တာပါလိမ့်
ခေါင်းချာချာလည်အောင် ပိုက်စိတ်တိုက်ရှာမှ အစာရေမြိုမှာ သွေးစို့ရာတစ်ခု
ဘာကြီးပါ ပါလိမ့်ဆို ဆက်ကြည့်တော့ သူ့နောက်က သွေးကြောက သွေးလေးစိမ့်လို့
သေချာပြီ
ဒါ တစ်ခုခုက အစာရေမြိုကနေ သွေးကြောကို ဖောက်ပြီး သွေးယိုတာပဲ
အဲ့တော့မှ အိမ်သားတွေ ပြန်မေးတော့ မနေ့ ည ၇ နာရီက ငါးရိုးစူးတယ်တဲ့ ခဏနေ သက်သာသွားတယ်တဲ့
သက်သာမှာပေါ့ ကန့်လန့်ခံနေတဲ့ ငါးရိုးက နောက်ကို ဖောက်ထွက်သွားမှာပေါ့
တရားခံ ငါးရိုးကိုတော့ ရှာမတွေ့ခဲ့
ထူးလဲထူးဆန်းပါပေ့ကွယ် ...
Khin Cho
www.drmyanmar.com
















