ဒူးရင်းသြဇာ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ဒူးရင်းသြဇာရွက်က ကင်ဆာရောဂါ ကုသရာမှာ ကင်ဆာဆေးသွင်းခြင်းရဲ့ အစွမ်းနဲ့ အကျိုးကျေးဇူးကို ပိုပြီး အစွမ်းထက်စေပါတယ်။
• ဒူးရင်းသြဇာရွက် လက်ဖက်ရည်က သန်းနှင့် ကြမ်းပိုးကို ဖယ်ရှားရာမှာ ထိရောက်မှု ရှိပါတယ်။
• သည်းခြေအိတ် ပြဿနာများ၊ ချောင်းဆိုးခြင်း၊ ၀မ်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ အစာမကြေခြင်း စတဲ့ ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုပါတယ်။
• အခေါက်နှင့် အမြစ်ကို အဆိပ်မိခြင်းတွေအတွက် ဖြေဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
• အသီးဖျော်ရည်ကို ဆီးထဲ သွေးပါခြင်းနဲ့ အသည်းရောဂါတွေမှာ အိမ်တွင်းဆေးဝါးအဖြစ် သောက်သုံးနိုင်ပါတယ်။
• နှင်းခူနဲ့ အခြားအရေပြားပြဿနာတွေကို သက်သာစေဖို့အတွက် အရွက်ကို ကြိတ်ချေပြီး လိမ်းပေးနိုင်ပါတယ်။
• ကြိတ်ချေထားတဲ့အရွက်ကို အနာနဲ့ အရေပြား ကွဲထွက်ခြင်းတွေမှာ အနာကျက် မြန်စေဖို့အတွက် အသုံးပြုနိုင်ပါတယ်။
• အရွက်ပြုတ်ရည်က ခြေထောက်အရောင် သက်သာစေပါတယ်။
• ဒူးရင်းသြဇာ စားသုံးခြင်းက ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
• သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















