/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဓာတ်မတည့်လို့-ချောင်းခြောက်ဆိုးတဲ့အခါ

ဓာတ်မတည့်လို့ ချောင်းခြောက်ဆိုးတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဓာတ်မတည့်ခြင်းရဲ့နောက်ဆက်တွဲက စိတ်ညစ်စရာကောင်းလောက်အောင် ချောင်းခြောက်ဆိုးတတ်တာပါပဲ။ ချွဲသလိပ်မထွက်ဘဲ ချောင်းဆိုးတာကို ချောင်းခြောက်ဆိုးတယ်လို့ ခေါ်ပါတယ်။

အပင်ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန်အညစ်အကြေးအမှုန်အမွှားတွေ၊ မှိုတွေကြောင့် ဒီလိုဓာတ်မတည့်မှုတွေကို ခံစားကြရတတ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်တဲ့အခါ နှာခေါင်းထဲကချွဲတွေဟာ လည်ချောင်းထဲကို စီးဝင်ပြီးတော့ လည်ချောင်းကို ယားယံစေကာ ချောင်းဆိုးစေနိုင်ပါတယ်။

ဓာတ်မတည့်လို့ ချောင်းခြောက်ဆိုးတာဟာ တစ်ခါဖြစ်ရင် ရက်သတ္တပတ်ပေါင်းများစွာ ကြာရှည်လေ့လည်းရှိပါတယ်။

ဓာတ်မတည့်ခြင်းကြောင့် ဒီလိုချောင်းခြောက်ဆိုးတာအပြင် -
●  နှာချေ၊ နှာစေးတာ
●  နှာခေါင်းယားယံ၊ နှာပိတ်တာ
●  အသက်ရှူကြပ်တာ
●  အသက်ရှူသွင်းတိုင်း တရွှီရွှီမြည်တာ
●  အနီကွက်တွေထတာ
●  နုံးတာ
●  ခေါင်းကိုက်တာ စတာတွေပါ ခံစားရတတ်ပါတယ်။

Atussin Adult 1

ဓာတ်မတည့်တာကြောင့် ချောင်းဆိုးတဲ့အခါ အဓိကကတော့ ဓာတ်မတည့်ခြင်းကို ကုသဖို့လိုပါတယ်။ ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုတော့ ဆေးဝါးတွေအပြင် အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

>>  ရောဂါလက္ခဏာတွေကို သက်သာစေနိုင်မယ့်ဆေးဝါးတွေကတော့ -
●  Dextromethorphan ပါဝင်သော ချောင်းခြောက်ဆိုး ပျောက်ဆေး
●  Antihistamine ပါဝင်သော နှာစေးပျောက်ဆေး
●  နှာခေါင်းအမြှေးပါးရောင်ရမ်းမှုကို သက်သာစေဖို့ decongestant ဆေးဝါးများ
●  စတီးရွိုက်ဆေးများ : စတီးရွိုက်နှာခေါင်းတွင်းဖြန်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပြီး စတီးရွိုက်သောက်ဆေးကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ ဝယ်ယူနိုင်ပါတယ်။

Atussin Adult 2

>>  ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အိမ်တွင်းနည်းလမ်းတွေကတော့ -
●  နှာခေါင်းတွင်းနဲ့ နှာခေါင်းနဲ့ဆက်စပ်နေတဲ့ ဂလိုဏ်လမ်းကြောင်းလေးတွေကို ရေကျက်အေးနဲ့ဆားရည်ကို အသုံးပြုပြီး ဆေးကြောခြင်း
●  ဆေလိုင်းဆားရည် နှာခေါင်းတွင်းဖြန်းဆေး ဖြန်းပေးခြင်း
●  ရေနွေးငွေ့ရှူခြင်း စတဲ့နည်းလမ်းလေးတွေနဲ့ လက္ခဏာတွေ သက်သာစေနိုင်ပါတယ်။

ဒီလိုဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ ချောင်းခြောက်ဆိုးခြင်းနဲ့ တခြားလက္ခဏာတွေဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အနှောင့်အယှက်တွေ အများကြီး ပေးတတ်ပါတယ်။ ဒါကြောင့်မို့ ရောဂါကို သေချာကုသပြီး ဓာတ်မတည့်စေတဲ့ အကြောင်းရင်းတွေနဲ့ မထိတွေ့မိအောင် တတ်နိုင်သလောက် ရှောင်ကြဉ်ဖို့လိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)