နဖူးတစ်ဝိုက် တစ်ဒိတ်ဒိတ်နဲ့ ခေါင်းကိုက်နေပြီလား?
ဟုတ်ပါတယ်။ နဖူးတစ်ဝိုက် ခေါင်းကိုက်ခြင်းဟာအဖြစ်များပြီး မကြာခဏဖြစ်ပေါ်တတ်ပြီး ဖြစ်ပေါ်စေ သော အကြောင်းရင်းများကို သိရှိထားသင့်ပါတယ်။
နဖူးတစ်ဝိုက်ခေါင်းကိုက်ခြင်းဖြစ်စေသော အကြောင်းရင်းတွေကတော့…
1. Cluster Headache
အလွန်စူးရှနာကျင်သော ခေါင်းကိုက်ခြင်းတစ်မျိူးဖြစ်ပြီး မျက်လုံး၊ နားထင်နဲ့ နဖူးတစ်ခြမ်းတည်းတွင် ဖြစ်ပေါ်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့အတူ နှာခေါင်းမှ အရည်များထွက်ခြင်း၊ မျက်ရည်ကျခြင်း၊ သူငယ်အိမ်ကျုံ့ခြင်းနဲ့ မျက်နှာယောင်ခြင်းတို့ပါ တွဲဖက်ဖြစ်ပေါ်တတ်ပါတယ်။
Cluster headache ဖြစ်ပေါ်သူများဟာ အလွန်နာကျင်ခြင်းနဲ့အတူ စိတ်တိုခြင်း၊ လှဲအိပ်လို့မရခြင်းတို့ပါ တွဲဖက်ဖြစ်ပေါ်တတ်ကြောင်း သတိချပ်သင့်ပါတယ်။
Bio Adult 1

2. Sinus Headache
နဖူးတစ်ဝိုက်တွင် နာကျင်သော ခေါင်းကိုက်ခြင်းမျိုးဖြစ်ပြီး နှာခေါင်းတစ်ဝိုက်ရှိ sinus များ ပိုးဝင်ခြင်း ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ Sinus infection လက္ခဏာများအနေနဲ့ ချမ်းတုန်ဖျားခြင်း၊ နှာခေါင်းမှ အရည်ပျစ်ပျစ်များ ထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
3. Hemicrania Continua
နဖူးသာမက နားထင်၊ မျက်စိနဲ့ ခေါင်းအနောက်ဖက်များတွင်ပါ နာကျင်တတ်ပြီး တစ်နေ့တာလုံး မရပ် မနား ကိုက်ခဲနေတတ်ပါတယ်။
နဖူးတစ်ဝိုက် နာကျင်ကိုက်ခဲခြင်းဟာ အဖြစ်များပြီး ဖြစ်ပေါ်စေသောအကြောင်းရင်းကို သိခြင်းဖြင့် ကု သတဲ့နေရာမှာ လွယ်ကူစေပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ အရက်နဲ့ဆေးလိပ် အလွန်အကျွံသောက်သုံး ခြင်းများကို ဆင်ခြင်သင့်ပြီး အိပ်ရေး၀၀အိပ်ခြင်းနဲ့ အာဟာရပြည့်ဝအောင် စားသုံးခြင်းတို့ကို ပြုလုပ် ပေးသင့်ပါတယ်။
လေပြေနုသွေး(ဆေး၂)(www.drmyanmar.com)
Bio Adult 2

ဟုတ္ပါတယ္။ နဖူးတစ္၀ိုက္ ေခါင္းကိုက္ျခင္းဟာအျဖစ္မ်ားၿပီး မၾကာခဏျဖစ္ေပၚတတ္ၿပီး ျဖစ္ေပၚေစ ေသာ အေၾကာင္းရင္းမ်ားကို သိရွိထားသင့္ပါတယ္။
နဖူးတစ္၀ိုက္ေခါင္းကိုက္ျခင္းျဖစ္ေစေသာ အေျကာင္းရင္းေတြကေတာ့…
1. Cluster Headache
အလြန္စူးရွနာက်င္ေသာ ေခါင္းကိုက္ျခင္းတစ္မ်ိဴးျဖစ္ၿပီး မ်က္လံုး၊ နားထင္နဲ႔ နဖူးတစ္ျခမ္းတည္းတြင္ ျဖစ္ေပၚတတ္ပါတယ္။ ေခါင္းကိုက္ျခင္းနဲ႔အတူ ႏွာေခါင္းမွ အရည္မ်ားထြက္ျခင္း၊ မ်က္ရည္က်ျခင္း၊ သူငယ္အိမ္က်ံဳ႕ျခင္းနဲ႔ မ်က္ႏွာေယာင္ျခင္းတို႔ပါ တြဲဖက္ျဖစ္ေပၚတတ္ပါတယ္။
Cluster headache ျဖစ္ေပၚသူမ်ားဟာ အလြန္နာက်င္ျခင္းနဲ႔အတူ စိတ္တိုျခင္း၊ လွဲအိပ္လို႔မရျခင္းတို႔ပါ တြဲဖက္ျဖစ္ေပၚတတ္ေၾကာင္း သတိခ်ပ္သင့္ပါတယ္။
2. Sinus Headache
နဖူးတစ္၀ိုက္တြင္ နာက်င္ေသာ ေခါင္းကိုက္ျခင္းမ်ဳိးျဖစ္ၿပီး နွာေခါင္းတစ္၀ိုက္ရွိ sinus မ်ား ပိုး၀င္ျခင္း ေၾကာင့္ ျဖစ္ေပၚတတ္ပါတယ္။ Sinus infection လကၡဏာမ်ားအေနနဲ႔ ခ်မ္းတုန္ဖ်ားျခင္း၊ ႏွာေခါင္းမွ အရည္ပ်စ္ပ်စ္မ်ား ထြက္ျခင္းတို႔ ျဖစ္ေပၚႏုိင္ပါတယ္။
3. Hemicrania Continua
နဖူးသာမက နားထင္၊ မ်က္စိနဲ႔ ေခါင္းအေနာက္ဖက္မ်ားတြင္ပါ နာက်င္တတ္ၿပီး တစ္ေန႔တာလံုး မရပ္ မနား ကိုက္ခဲေနတတ္ပါတယ္။
နဖူးတစ္၀ိုက္ နာက်င္ကိုက္ခဲျခင္းဟာ အျဖစ္မ်ားၿပီး ျဖစ္ေပၚေစေသာအေၾကာင္းရင္းကို သိျခင္းျဖင့္ ကု သတဲ့ေနရာမွာ လြယ္ကူေစပါတယ္။ စိတ္ဖိစီးမႈမ်ားျခင္း၊ အရက္နဲ႔ေဆးလိပ္ အလြန္အကၽြံေသာက္သံုး ျခင္းမ်ားကို ဆင္ျခင္သင့္ၿပီး အိပ္ေရး၀၀အိပ္ျခင္းနဲ႔ အာဟာရျပည့္၀ေအာင္ စားသံုးျခင္းတို႔ကို ျပဳလုပ္ ေပးသင့္ပါတယ္။
ေလေျပႏုေသြး(ေဆး၂)(www.drmyanmar.com)
















