/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နောက်လာမယ့်-၅-နှစ်မှာ-လူ-၂-သန်းလောက်ဟာ

နောက်လာမယ့် ၅ နှစ်မှာ လူ ၂ သန်းလောက်ဟာ ဆီးချိုရောဂါဖြစ်နိုင်ချေရှိနေတာမို့ ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များရဲ့ လေ့လာချက်များအရ လာမယ့် ၅ နှစ်အတွင်းမှာ လူ ၂ သန်းလောက်ဟာ ဆီးချိုရောဂါဖြစ်ဖို့ အလားအလာရှိနေပါတယ်။ ဆီးချိုဖြစ်ဖို့ အစပျိူးနေတဲ့ လူအရေအတွက်ဟာလည်း တစ်နှစ်အတွင်း ၂ သန်းခန့် တိုးပွားလာပါတယ်။ ဆီးချိုရောဂါဟာ အချိန်မီမကုသဘူးဆိုပါက နာတာရှည်ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါများအပြင် လေဖြတ်ခြင်းနဲ့ အသက်သေဆုံးသည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။
အချိုရှောင်ခြင်း၊ လှုပ်ရှားတက်ကြွအောင်နေခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်ခြင်းတို့ဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်တာမို့ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာကြည့်ကြစို့နော်။
(၁)  သန့်စင်ထားသောသကြားနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့ အစားအစာများနဲ့ ဝေးဝေးမှာနေပါ။ ဒီနှစ်မျိုးစလုံးဟာ သွေးထဲမှာ အချိုဓာတ်တွေ စုပုံစေတဲ့အတွက် ဆီးချိုဖြစ်ဖို့ အလားအလာများစေပါတယ်။
(၂)  နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အတွက် ဆီးချိုဖြစ်နှုန်း နည်းပါးစေပါတယ်။
(၃)  အဝလွန်နေသူများအနေနဲ့လည်း ဆီးချိုဖြစ်ပေါ်ဖို့ ရာနှုန်းများတဲ့အတွက် အစားလျှော့စားခြင်းနဲ့ ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်ပါတယ်။
(၄)  ဆေးလိပ်သောက်ခြင်းက အမျိုးအစား (၂) ဆီးချိုဖြစ်နှုန်းကို မြင့်တက်စေပြီး အခြားသော သေစေတတ်တဲ့ရောဂါတွေကို လက်ယပ်ခေါ်နေသလို ဖြစ်တာမို့ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။
(၅)  အစားတွေကို တနင့်တပိုး စားမယ့်အစား ကျန်းမာရေးနဲ့ညီညွတ်အောင် အချိုးကျစားပေးပါ။
(၆)  အမျှင်ဓာတ်ပါဝင်မှုများတဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားပေးပါက ဆီးချိုရောဂါကို ကာကွယ်နိုင်တဲ့အပြင် အူလမ်းကြောင်းကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။
(၇)  အရက်သောက်ခြင်း၊ အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အသင့်စားအစာများကို အလွန်အကျွံစားခြင်း စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံကို ရှောင်ကြဉ်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)