အရွယ်မတိုင်ခင် ဆံပင်ဖြူတာ ဘာကြောင့်လဲ ?
အရောင်ခြယ်ပစ္စည်းတွေ ထုတ်ပေးတဲ့ဆဲလ်တွေက ဒီပစ္စည်းတွေ ထုတ်လုပ်မှုရပ်သွားတဲ့အခါမှာ ဆံပင်ဖြူလာပါတယ်။ Hydrogen Peroxide ဓာတ်တွေ ဆံပင်ထဲမှာ များလာရင်လည်း အရောင်ဖျော့သွားပြီး ဆံပင်ဖြူလာစေပါတယ်။
ပုံမှန်အားဖြင့် လူဖြူတွေက အသက်သုံးဆယ်ဝန်းကျင်လောက်မှာ ဆံပင်ဖြူလေ့ရှိပြီး အာရှသားတွေကတော့ အသက် ၃၀ နောက်ပိုင်းမှာမှ ဆံပင်ဖြူလေ့ရှိပါတယ်။ အာဖရိကန်-အမေရိကန်လူမျိုးတွေကတော့ အသက် ၄၀ လောက်မှ စဖြူတတ်ကြပါတယ်။ တစ်ဝက်လောက်ကတော့ အသက် ၅၀ လောက်မှ သိသိသာသာ ဆံပင်ဖြူလာတတ်ပါတယ်။
ရှားရှားပါးပါးကိစ္စတွေကလွဲပြီး ဆံပင်ဖြူတာက ကျန်းမာရေးပြဿနာတစ်ခုခု မဟုတ်ပါဘူး။ လူအများစုကတော့ စိတ်ဖိစီးမှုများရင် ဆံပင်ဖြူတယ်လို့ ပြောလေ့ရှိပါတယ်။ အရွယ်မတိုင်မီ ဆံပင်ဖြူရတဲ့အကြောင်းအရင်းကို သေချာမသိပေမယ့် မျိုးရိုးဗီဇနဲ့တော့ အများကြီးသက်ဆိုင်ပါတယ်။
ဗီတာမင် B12 ချို့တဲ့ခြင်း၊ pituitary (သို့) သိုင်းရွိုက်ပြဿနာတွေမှာ အရွယ်မတိုင်မီ ဆံပင်ဖြူတတ်ပြီး ဒီရောဂါတွေ ပြန်ကောင်းသွားရင် ဆံပင်လည်း ပြန်နက်သွားပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)