/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပခုံးထိပ်နား-နာနေရင်-သတိထားပါ

ပခုံးထိပ်နား နာနေရင် သတိထားပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဖြစ်နေတဲ့နေရာနဲ့ နာတဲ့နေရာက ဘာလို့တခြားစီ ဖြစ်နေတာလဲလို့ မေးမြန်းသူတွေအတွက်ပါ။

          ရောဂါဖြစ်တဲ့နေရာနဲ့ နာနေတဲ့နေရာက တခြားစီ ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ နေရာတစ်နေရာကို ထောက်ပံ့မှုပေးတဲ့ အာရုံကြောဟာ တခြားနေရာကိုပါ လိုက်လံထောက်ပံ့နေလို့ ဖြစ်ပါတယ်။

          ပခုံးထိပ်မှာ နာတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အသေးအဖွဲကနေ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေထိ ဖြစ်နိုင်ပါတယ်။

♦        နှလုံးသွေးကြောကျဉ်းခြင်း

♦        ဘေလုံးရောဂါအမျိူးမျိုး

♦        သည်းခြေအိတ်ရောဂါ

          တွေ ဖြစ်နေနိုင်ပါတယ်။

          ဒါ့အပြင် လည်ပင်းအာရုံကြောတွေ ရောင်ရင်လည်း ပခုံးမှာ လာနာတတ်ပါသေးတယ်။

          ဒါကြောင့် ပခုံးထိပ်မှာ စူးစူးနာတတ်ရင်ဖြစ်တာ တခြားနာတာ လွဲဖြစ်နေတတ်တဲ့ ပြင်းထန်အခြေအနေတွေကိုပါ သတိမူမိပြီး ဆရာဝန်ပြသ စစ်ဆေးကြဖို့ သတိပေးပါရစေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)