ပင်ပန်းပြေ၊ အိပ်ချင်ပြေ နည်းလမ်းများ
(1) Vitamin D ရယူပါ။
နေရောင်ခြည်ဟာစိတ်ကိုမြန်မြန်ဆန်ဆန်နိုးကြားစေတဲ့ သဘာ၀စွမ်းအင်တစ်ခုပါပဲ။ နေရောင်ခြည်က ရရှိတဲ့ Vitamin D လူကို လန်းဆန်းစေပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပင်ပန်းပြီး အိပ်ချင်နေရင် နိုးကြားလာအောင် ခန်းဆီးလိုက်ကာတွေကိုဖွင့်ပြီး နေရောင်ခြည်ဓာတ် ခံယူသင့်ပါတယ်။
(2) ရေများများသောက်ပါ။
အလွန်အမင်းပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရနေရချိန်မှာ ရေများများသောက်ပေး သင့်ပါတယ်။ ရေအေးအေးလေးတစ်ခွက်ဟာ ပြန်လည်လန်းဆန်း လာစေပြီး ပင်ပန်းနွမ်းနွယ်မှုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
(3) အာဟာရပြည့်၀တဲ့ အစားအစာတွေစားသုံးပါ။
အိပ်ငိုက်တယ် ပင်ပန်းတယ်ဆိုပြီး မနက်စာကို မစားပဲမနေပါနဲ့။ ပြီးတော့နေ့လည်စာစားချိန်မှာလည်း အဆီပါ၀င်မှုများတဲ့ အစားအစာတွေမစားပါနဲ့။ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေကို နည်းနည်းစီနဲ့ တစ်နေ့တာလုံးစားပေးသင့်ပါတယ်။
(4) လမ်းလျှောက်ပါ။
ငိုက်မျဉ်းစပြုလာပြီး၊ အာရုံနောက်လာပြီဆိုပါက ထိုင်နေတဲ့နေရာမှထပြီး ၅ မိနစ်စာလောက် အကွာ အေ၀းကို လမ်းလျှောက်ပေးပါ။ ဖျော်ရည်တစ်မျိုးမျိုးကို ကိုယ်တိုင်ဖျော်သောက်တာမျိုး၊ လုပ်ဖော်ကိုင်ဖက်ရဲ့ ဌာနဆီသွားပြီး စကားပြောတာမျိုးပြုလုပ်ပေးပါ။
(5) အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ပါ။
အိပ်ငိုက်တာဟာဦးနှောက်က အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိိတော့ တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အသက်ပြင်းပြင်းရှူသွင်းရှူထုတ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အောက်ဆီဂျင်ဖြည့်တင်းပေးပြီး ပြန်လည် လန်းဆန်းလာပါလိမ့်မယ်။
(6) မြူးကြွတဲ့သီချင်းများနားဆင်ပါ။
သာယာငြိမ့်ညောင်းတဲ့ ဂန္တ၀င်တေးဂီတသံတွေအစား မြူးကြွတဲ့ခေတ်ပေါ် တေးသီးချင်များကို နားဆင်ပေးပါ။
(7) အကြောများဖြေလျော့ပါ။
တီဗွီဒါမှမဟုတ်ကွန်ပျူတာရှေ့မှာတစ်ချိန်လုံးထိုင်နေပါက ထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် မိနစ် 30 ကြာရင် တစ်ခါလောက် ထရပ်ပြီး ခြေဆန့်လက်ဆန့် ပြုလုပ်ပေးရပါမယ်။
(8) လေကောင်းလေသန့်ရှူရှိုက်ပါ။
လေကောင်းလေသန့်ရရှိခြင်းကြောင့် သွေးကိုသန့်စင်စေပြီးစိတ်ကိုပြန်လည်ကြည်လင်လန်းဆန်းစေနိုင် ပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်လာပါကလေကောင်းလေသန့်ကို တ၀ကြီးရှူရှိုက်ပေးသင့်ပါတယ်။
(9) ရေချိုးပါ။
ဖြစ်နိုင်ရင် ရေချိုးပါ။ အလုပ်ထဲမှာဆိုရင်တော့ မျက်နှာကိုရေ အေးအေးလေးနဲ့ ပက်ဖျန်းပေးပြီး အိပ်ငိုက်ပြေအောင် ပြုလုပ်ကြည့်ပါ။
CMS
















