ပိုတော်ဖို့ ကောင်းကောင်းအိပ်ကြစို့
အိပ်ရေးမ၀ခြင်းဟာ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဝါးမြိုပစ်နိုင်ပါတယ်။ အိပ်ချိန်ဆင်းရဲခြင်းကြောင့် ပိုပြီးစိတ်လိုက်မာန်ပါလုပ်တတ်လာသလို အာရုံစူးစိုက်နိုင်စွမ်းမရှိတော့တဲ့အပြင် တွေေ၀စိတ်တွေသာကြီးစိုးပြီး ပြတ်သားစွာဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။ ဒါကြောင့် အိပ်စက်ခြင်းကစိတ်ထိန်းချုပ်နိုင်စွမ်းအပေါ် လွှမ်းမိုးထားနိုင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။
အိပ်ချိန်မလုံလောက်တာ၊ အိပ်ချိန်မမှန်တာတွေက အိပ်ရေးမ၀စေတဲ့ အဓိကအကြောင်းရင်းတွေပါ။ ဒီလိုနေ့စဉ်ရက်ဆက် အိပ်ချိန်ကစဥ့်ကလျားဖြစ်တာများလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်တာ၊ သွေးပေါင် တက်တာတွေဖြစ်လာစေနိုင်ပြီး ကိုယ်ခံအားမကောင်းစေတဲ့အတွက် ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း မရှိတော့ပါဘူး။ စွမ်းအင်ပြည့်၀စေဖို့အတွက် လုံလုံလောက်လောက်အိပ်စက်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်မှာစွမ်းအင်ပြည့်၀လေ ပိုပြီးခက်ခဲ့တဲ့ရွေးချယ်မှုဘက်ကိုအားသန်လေဖြစ်တာကြောင့် စိတ်ဓာတ်ပိုမိုကြံ့ခိုင်သူတစ်ယောက်ဖြစ်လာနိုင်ကာ ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်သူအဖြစ်ရပ်တည်လာနိုင်မှာပါ။ ဒါကြောင့် ကျန်းမာရေးမထိခိုက်စေဖို့၊ ကိုယ်ပိုင်စွမ်းရည်မကျဆင်းဖို့အတွက် လူတစ်ယောက်ဟာ ညဘက်မှာကောင်းမွန်စွာအိပ်စက်ပေးရန် မဖြစ်မနေလိုအပ်ပါတယ်။
CMS
















